Ep - 40

1K 45 2
                                    

နောက်တစ်နေ့ နံနက်ရောက်သော် ...

' အင်းးးးးး ....'

' ဟင်!!!! မနေ့ည ငါ အစောကြီး အိပ်ပျော်သွားတာလား???.'

ရိပေါ် အိပ်ယာထဲမှာ ပျင်းကြော ဆန့်ရင်းနဲ့ မျက်လုံးဖွင့်လာတော့ တစ်ခုခုကို သတိရသွားခဲ့သည်။

' ဖုန်း !!!! ငါ့ဖုန်းကော ????.'

ဖုန်းကို သတိရတာနဲ့ အိပ်ယာထဲကနေ ကုန်းရုန်း ထ ပြီး မနေ့ည အိမ်ကို စိတ်ကောက်လို့ ဘယ်နား သွားပစ်ထားမှန်း မသိတဲ့ ဖုန်းကို လိုက်ရှာသည်။

ခေါင်းအုံးအောက်ကို လိုက်ရှာတော့လည်း မတွေ့၊ စောင်တွေ ပစ်ထုတ်ပြီး ရှာတော့လည်း မတွေ့။ သူ့မျက်လုံးကို ဘေးက စားပွဲခုံဆီ အကြည့်ပို့တော့လည်း သူ့ဖုန်းက အဲ့မှာ ရှိမနေခဲ့ပါ။

' ငါ့ဖုန်း ဘယ်ရောက်နေတာလဲ။ မနေ့ည အခန်းထဲ ယူလာတယ် မဟုတ်ဘူးလား။'

ရိပေါ် သူ့ဆံပင်ကို ဆွဲဖွရင်း စဉ်းစားတော့လည်း စဉ်းစားလို့ မရပါ။ မနေ့ည အပေါ်တက်လာတော့ ယူလာတာ သေချာတယ်။

' အားးး ဦးနှောက်က ဘာလို့ အဲ့လောက် ကောင်းနေရတာလဲ။ တစ်ခြား ကိစ္စဆို မမေ့ဘူး။ ဖုန်း ကိစ္စကိုမှ လာမေ့ရတယ်လို့။'

ရိပေါ် အိပ်ယာထဲမှာ ပွစိ ပွစိ ပြောရင်း ဘယ်လိုမှ စဉ်းစားမရတာကြောင့် တစ်ကိုယ်ရေ တစ်ကာယ လုပ်ဖို့ Toilet ထဲ ထ လာ လိုက်သည်။

ဘေဇင် နား ရောက်လာတော့မှ သူ့ရဲ့ဖုန်းကြီး ဘေဇင် မှာ တင် နေတယ်။

' အမ် ... မနေ့ည ဖုန်း ကို အိမ်သာထဲ မေ့ကျန်ခဲ့တာလား။'

ရိပေါ် သူ့ဖုန်းကို ယူပြီး ကြည့်လိုက်တော့ မက်ဆေ့ တစ်စောင် ဝင်နေတယ်။

💌 ရိပေါ် မင်း တောင်းဆိုတာကို ငါ လက်ခံပေးမယ်။ ဒါပေမယ့် မင်း အကိုနဲ့ ငါ့အစ်မ လက်ထပ်ပြီးမှ ငါတို့ လက်ထပ်ကြမယ်။

ရိပေါ် မက်ဆေ့ ဖတ်ပြီး ပျော်ရမလား၊ မနက်စောစော စီးစီး စိတ်ပဲ တိုရမလား မသိတော့ပါ။

အဲ့ဒါကြောင့် မနက်စောစော စီးစီး ကျက်သရေ မရှိတာ မဖြစ်ရအောင် အသက်ကို ရှူသွင်း ရှူထုတ် လုပ်ပြီး စိတ်ကို ပြန်ထိန်းထားလိုက်သည်။

Papillon  ( Completed )Where stories live. Discover now