Ep - 21

907 57 4
                                    

ပြင်သစ် နိုင်ငံ ....

' ခလွမ်း !!!!.'

' ဟင် !!!! ဘာဖြစ်တာလဲ။'

ရှောင်းကျန့်လည်း ကျကွဲသံကြောင့် အခန်းထဲက ထွက်လာကြည့်တော့ သူ့ပန်းချီ အတွက် ရလာတဲ့ ဆု တံဆိပ်က ကြမ်းပြင်ပေါ်မှာ တစ်စစီ ပြန့်ကျဲနေတာ တွေ့လိုက်ရသည်။

ချုံးမင် ပစ္စည်း ကျကွဲတာ တွေ့တော့မှ အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။ မေ့ပြီးတော့ ပြတင်းပေါက် ဖွင့်ထားပြီး လေတိုးတာလား ဆိုပြီးတော့ပေါ့။

ဒါပေမယ့် တိုက်ခန်းထဲမှာ လေ ဆိုလို့ Air Con က ထွက်တဲ့ လေပဲ ရပါသည်။

ထိုစဉ် ....

' အ ...'

' ကျန့်ကျန့် !!! ဘာဖြစ်သွားတာလဲ။'

ရှောင်းကျန့် သူ ကောက်လိုက်တဲ့ ဖန်ကွဲစ က သူ့လက်ကို ရှ သွားတာကြောင့် သွေးထွက်နေတဲ့ သူ့လက်ကို ကြည့်ရင်း စိတ်ထဲကလည်း ပူလောင်လာသည်။

* ဒါ သာ မကောင်းတဲ့ အတိတ်နမိတ်ဆိုရင် ....*

~~~~~~~~~~~~~~

ပေကျင်း ဆေးရုံ ...

' ကလစ် !!!.'

' ဝမ်ဝမ် !!! ဝမ်ဝမ် ... သား !!!!!.'

' မား ၊ ဖွား ၊ ရှောင်ပါး ၊ ရှောင်မား ....'

' ဟုတ်တယ်။ သားရဲ့ မား သား ဆိုင်ကယ် လှဲတယ် ကြားတာနဲ့ အရမ်းတုန်လှုပ်ပြီး သူ တစ်ယောက်တည်း ပေကျင်း လာမယ် လုပ်နေလို့ ဖွား တို့ လိုက်ပို့တာ။'

ဝမ်မား ကတော့ ခုချိန် ဘယ်သူတွေ ဘာပြောလဲ နားမထောင်အားသေးပဲ လက်မှာ ပတ်တီးကြီးနဲ့ လည်ပင်းမှာ ကြိုးဆွဲပြီး လက်စွပ်ထားရတဲ့ သူ့သားရဲ့ ကုတင်နားပဲ သွားလိုက်သည်။ သားရဲ့ သူငယ်ချင်းတွေ ဦးညွတ်နှုတ်ဆက်တာတောင် ပြန်ပြီး အသိမှတ်မပြုနိုင်ပါ။

' ဝမ်ဝမ် ... သား ဘယ်လို ဖြစ်တာလဲ။ ဘာဖြစ်သွားသေးလဲ။'

' မား ... သား ဘာမှမဖြစ်ပါဘူး။ ဆိုင်ကယ်က ဘီးချော်သွားလို့ လှဲသွားတာ။ လက်ကတော့ ပွန်းသွားလို့ ဆိုပြီး ဆရာဝန်က ခုလို နေခိုင်းထားတယ်။'

' တော်ပြီ။ အဲ့ဆိုင်ကယ် ရောင်းပစ်လိုက်တော့။ မား ကားဝယ်ပေးမယ်။'

Papillon  ( Completed )Where stories live. Discover now