EP - 1 [ Unicode ]

2.1K 41 6
                                    

လက်ထဲမှာရှိနေတဲ့ ပိုက်ဆံတွေကိုကြည့်ပြီး ရထာသက်ပြင်းချလိုက်သည်။ လစာထုတ်ပြီးပြီးချင်း ဟိုအကြွေးဆပ် ၊ ဒီအကြွေးဆပ် ၊ ရေဖိုး ၊ မီတာခ ၊ အိမ်လခနဲ့တင် လက်ထဲမှာ ဘာမှမကျန်တော့။

ဒါကိုသူလစာရရင် ပေးဖို့ ကျွေးဖို့မျှော်လင့်နေတဲ့ အမျိုးတသိုက်ကရှိနေ​သေးတာကြောင့် စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကို တဗျင်းဗျင်းမြည်အောင်ကုတ်ပစ်လိုက်သည်။

'' စောက်အာရုံတွေကို နောက်တယ်ကွာ ''

နောက်ဆုံးတော့လက်ထဲရှိနေတဲ့ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင်ထုတ်သိမ်းပြီး ခေါင်းအုံးအောက်ထည့်သိမ်းလိုက်သည်။ ငယ်ငယ်လေးကထဲက ငွေကြိုက်တဲ့ရထာက ရသမျှမုန့်ဖိုးမှန်သမျှ ခေါင်းအုံးအောက်ထည့်ကာ အိပ်သည်။ ငယ်ငယ်ကဆရာတွေဆုံးမတတ်တဲ့ ကိုယ်ကစာကိုချစ်မှ စာကကိုယ့်ကိုပြန်ချစ်မယ် ဆိုတဲ့စကားကိုနမူနာယူကာ ငွေကို ရထာအရမ်းချစ်သည်။

တစ်ရာဆိုတစ်ရာ ရသမျှစုကာ သိမ်းထားတတ်ပေမယ့် အခုထိကို ရထာ့လက်ထဲ ​ငွေပိုငွေလျှံဆိုတာ ဘယ်တော့မှ မရှိတတ်။ ရလာသမျှက တစ်နည်းမဟုတ် တစ်နည်းနဲ့ ပြန်ပြန်ထွက်သွားတတ်၏ ။

'' ဟဲ့ ရထာ ၊ ပြန်ရောက်ကထဲက အဲ့အခန်းထဲဝင်အောင်းနေတာ အခုထိကိုထွက်မလာဘူး ။ ရေလေး ဘာလေးချိုး ၊ ထမင်းလေးဘာလေးစားလေ ငါ့နှယ် ''

'' လာပြီ အမေရာ ၊ ကျွန်တော်လည်း အရွယ်ရောက်နေတာ ကိုယ်ဘာလုပ်ရမလဲ ကိုယ်သိပါတယ်။ နေရာတကာကိုလိုက်ပြောနေတော့တာပဲ ''

ကိုယ့်စိတ်နဲ့ကိုယ်အာရုံ ရှုပ်နေပြီဆိုရင် ဘေးနားကနေ ဘာလုပ် ၊ ညာလုပ်ဆိုပြီးခိုင်းတာကို သိပ်မုန်းတဲ့ရထာနဲ့ အမြင်မတော်ရင် လိုက်ပြောနေတတ်တဲ့ သူ့အမေနဲ့ တွေ့တော့တာပဲ ။

'' ပြောတာမကြိုက်ရင် မပြောဘူးဟေ့ ၊ နောက်လည်းဘာမှငါ့ကို လာမပက်သက်ကြနဲ့ ။ နင်တို့လည်း ကိုယ့်ဟာကိုယ်နေ ငါလည်းကိုယ့်ဟာကိုယ်နေမယ် ။ ဘယ်သားသမီးမှ ခယတောင်းပန်ပြီး မျှော်ကိုးပြီး မနေဘူး ။ ယမင်းမယ်တဲ့ တမယ်ထဲရှိတယ် ။ နင်တို့ငယ်ငယ်တုန်းကဆိုလေ... ''

A Tale of Two Hearts (Temporary Rest)Dove le storie prendono vita. Scoprilo ora