🎀 Part - 1 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫"သမီးမပြေးနိုင်တော့ဘူး ကိုဇွဲ"
မောဟိုက်စွာပြောလာသည့် အသံတိုးတိုးကြောင့် လှည့်ကြည့်မိသည့်အခါ သူ့ရဲ့ညီမလေးက ချွေးတွေရွှဲနစ်နေပြီး ခြေထောက်တွေလည်း ရောင်နေပြီ။
သို့သော် နားလို့မဖြစ်တာမို့ ကျောပိုးအိတ်ကို ရှေ့မှာလွယ်ကာ ညီမလေးကိုကျောပိုးကာ ဆက်ပြေးလာခဲ့သည်။ဒီအရပ် ဒီဒေသမှာ အချိန်အကြာကြီးကျင်လည်ခဲ့ဖူးပြီး လမ်းတွေအစသိနေ၍ အိမ်နဲ့ဝေးဝေးကို ရောက်နေမှန်း သိလိုက်သည်။
နောက်ပြန်လှည့်ကြည့်မိသည့်အခါ မီးဟုန်းဟုန်းတောက်နေသော သူတို့ရဲ့အိမ်လေး..."ဖေဖေကရောဟင်"
"ဖေဖေ လိုက်လာမှာပါ သိတယ်မှလား ဖေဖေက ပါဝါရိန်းဂျားလေ"
သို့သော် ဖေဖေပြန်မလာနိုင်မှန်း သူသိနေကာ ဘောင်းဘီအိတ်ထဲပါလာခဲ့သည့် ဖေဖေ့ရဲ့လက်စွဲသေနတ်ကို မသိမသာစမ်းကြည့်မိသည်။
ထိုအချိန် ကားသံတွေကြားလိုက်ရ၍ လမ်းဘေးကိုပြေးဆင်းကာ ခြုံတွေအထဲတိုးဝင်ပြီး တိတ်တိတ်နေရန် ညီမလေးကိုအချက်ပြလိုကိသည်။
၆နှစ်အရွယ်ကလေးမလေးကတော့ သူတို့ကမ္ဘာပျက်နေသည်ကိုမသိဘဲ ကစားနေသည်ဟု အထင်ရောက်သွားဟန်ဖြင့်…"ရှူး!!"
ဆိုပြီး နှုတ်ခမ်းကို လက်ညှိုးဖြင့်ပိတ်ကာ တိုးတိုးနေမည့်အကြောင်း ပြန်ပြော၏။
အနက်ရောင်ကားတွေ တစ်စီးပြီးတစ်စီးဖြတ်သွားကာ ၁၁စီးဟု ရေတွက်မိသည်။ပတ်ဝန်းကျင်က ပြန်လည်ငြိမ်သက်သွားသည့်အခါမှ ညီမလေးဆီက အသက်ရှူသံလေးသာထွက်လာ၍ အိပ်ပျော်သွားမှန်းသိလိုက်ကာ မပြေးတော့ဘဲ လမ်းလျှောက်လာခဲ့သည်။
နာရီကိုကြည့်မိတော့ ၉နာရီခွဲတော့မှာမို့ ပတ်ဝန်းကျင်ကိုပြန်အကဲခတ်သည့်အခါ တောင်ကုန်းတစ်ခုပေါ်ရောက်နေမှန်းသိလိုက်ကာ ခပ်ဝေးဝေးက မီးတောက်ကြီးကိုကြည့်ရင်း မျက်ရည်ဝေ့လာမိသည်။ဖေဖေ...
ကျွန်တော်လွတ်ခဲ့ပြီ...
ဒါပေမယ့်ပြန်လာမယ် ကျွန်တော်ပြန်လာမယ်...
အဲ့ဒီနေရာ၊ အဲ့ဒီမြေမှာ Leoponတွေအားလုံးကို ဖေဖေ့အတွက် လက်စားပြန်ချေမယ်။
ဖေဖေ့အတွက် တရားမျှတမှုကို ပြန်ရှာမယ်…
YOU ARE READING
ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)
Romanceငါချစ်ရင် ငါနဲ့ပဲညားမှာမို့ မင်းသတိနဲ့သာနေ Baby မင်းက ငါအမြစ်တွယ်မိတဲ့ တစ်ခုတည်းသောချစ်ခြင်းတရားပဲ ဒါကြောင့်မို့ ငါ့ရင်ခွင်ကို ခြေစုံကန်ဖို့မစဥ်းစားနဲ့ မဟုတ်ရင် မင်းကိုငါသတ်မိလိမ့်မယ် Start Date - 13 Jan 2023 End Date - 19 March 2023