12

14.2K 466 11
                                    

🎀  Part - 12 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်း ငါ့နောက်လိုက်လာတာလား"

ရှေ့မှာရှိနေပြီး သူ့ကိုမော့ကြည့်နေသောမျက်နှာကို ငုံ့ကြည့်ရင်းမေးလိုက်သည့်အခါ သူမလေးက ချက်ချင်းခေါင်းခါပြသည်။
သူ့ကိုမတွေ့တာနှင့် ချက်ချင်းထပြေးလိုက်လာတာကို တစ်နေရာက စောင့်ကြည့်နေခဲ့၍ ချစ်ခြင်းခေါင်းခါလာတော့ ပြုံးမိသည်။

"ဒီအတိုင်းပြန်မလို့ ထလာတာပါ ဘယ်သူကရှင့်နောက်ကိုလိုက်လို့လဲ"

"ဟုတ်လား ငါမြင်တာတော့ မင်းငါ့ကိုမမြင်လို့ ချက်ချင်းထပြေးလာတာပါ"

"မဟုတ်ဘဲနဲ့"

ပါးမို့မို့လေးနှစ်ဖက်နှင့် နားရွက်ကလေးရဲတက်လာပုံက မီးသီးနီနီလေးတွေ အပြိုင်လင်းလာသလိုမို့ သဘောတကျပြုံးလိုက်မိသည်။
သူ့အပြုံးကြောင့် ချစ်ခြင်းက နှုတ်ခမ်းလေးကိုဖိကိုက်ကာ သူ့ရှေ့က ထွက်သွားဖို့ပြင်တော့ လက်ကလေးတစ်ဖက်ကိုလှမ်းဆွဲယူလိုက်သည်။
ယိုင်ခနဲပြန်ပါလာသည့် ကိုယ်လုံးသေးသေးလေးကို ရင်ဘတ်နှင့်ထိန်းထားလိုက်ပြီး သူမကို မဲ့ပြုံးဖြင့်စိုက်ကြည့်ကာ…

"မင်းကို ဘယ်သူကလွှတ်လိုက်တာလဲ"

"ဟင်!! ဘယ်သူမှမလွှတ်ပါဘူး"

"အဟွန်း.. ငါ့အတွက် မင်းလိုမိန်းမတွေက ရိုးနေပါပြီ ငါသတိထားမိအောင် ဇာတ်လမ်းလုပ်နေတာတွေတော်လိုက်တော့ မင်း.."

သူမ အံကြိတ်လိုက်သည်ကိုတွေ့လိုက်သလို ရိပ်ခနဲမြှောက်တက်သွားသည့် လက်ကလေးတစ်ဖက်ကိုလည်း မျက်လုံးထောင့်မှလှမ်းမြင်လိုက်၍ ထိုလက်ကလေးကို သူ့ပါးဆီမရောက်မီ ဖမ်းဆုပ်ပစ်လိုက်သည်။
သူ့ကိုနာကျင်အောင် တစ်ခါပဲလုပ်လို့ရမည်ဆိုတာ ဒီမိန်းကလေး မသိလို့လား…

"လွှတ်"

"ငြိမ်ငြိမ်နေစမ်း မင်း ငါ့ကိုနောက်တစ်ခါ ထပ်နာအောင်လုပ်လို့ရမယ်ထင်နေတာလား ချစ်ခြင်းပြည့်စုံ မင်းကိုငါ ဒီနေရာတင် သတ်ပစ်လို့ရတယ် နားလည်လား"

သူမက ကြောက်သွားတာလား၊ ဝမ်းနည်းသွားတာလားမသိဘဲ မျက်ရည်တွေပြည့်လာပြီး နောက်ထပ်နှုတ်ခမ်းကိုဖိကိုက်ပစ်၍ စိတ်ထဲထူးဆန်းသွားမိသည်။
သူ့အနားကပ်လာသည့် မိန်းမလှတိုင်းတွေဟာ သူ ဒီလိုရက်ရက်စက်စက်ပြောတိုင်း ဒီကောင်မလေးလို မငိုခဲ့ဘဲ…

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Donde viven las historias. Descúbrelo ahora