🎀 Part - 31 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫စံအိမ်ကနှစ်ထပ်ဖြစ်ပြီး အခန်းတွေအများကြီးရှိသလို ခြံကလည်း အကျယ်ကြီးဖြစ်ကာ အနောက်ဘက်မှာတော့ သစ်ပင်တွေဝေဝေဆာဆာရှိသည်။
ဝရံတာကြီးကနေ အောက်ကိုငုံ့ကြည့်မိတော့ အိမ်ဘေးဘက်က တစ်ထပ်တိုက်ခန်းတွေဆီ အကြည့်ရောက်မိသည်။
စောစောက ကိုကို့လူတွေ ထိုတိုက်ခန်းတွေဆီ ဝင်သွားကြတာကိုလည်းတွေ့မိ၍ ဒီနေရာမှာပဲ အားလုံးစုနေကြသလား။"ဘာတွေကြည့်နေတာလဲ"
ကိုကိုက ချစ်ခြင်းကို နောက်ကနေသိုင်းဖက်ထားလိုက်၍ ကိုကို့ရင်ခွင်ကိုမှီချလိုက်ကာ တိုက်ခန်းတွေဆီလက်ညှိုးလေးထိုးရင်းမေးလိုက်သည်။
"အဲ့ဒါ သူတို့တွေနေကြတာလား"
"အင်းလေ သူတို့မိသားစုတွေရော နေကြတယ် ကလေးတွေလည်းရှိတယ်"
"အကုန်လုံး ကိုကို့တပည့်တွေလား"
"တပည့်မဟုတ်ပါဘူး ညီအစ်ကိုတွေပါ ကိုကိုလုပ်ချင်တာကို ပါးစပ်ကပြောရုံပဲ သူတို့တွေက တကယ်လုပ်ပေးကြတာ"
ဒီအချက်ကတော့ ကိုဇွဲနှင့်မတူတာမို့ ကိုကို့ကို ချစ်ခြင်း အံ့သြသွား၍ လည်ပြန်မော့ကြည့်မိတော့ ကိုကိုကပြန်ငုံ့ကြည့်သည်။
ကိုဇွဲက အလုပ်သမားတွေကိုဆို အမိန့်ဆန်ဆန်သာပြောတတ်ပြီး အပြောအဆိုပြတ်သားတာမို့ ကိုဇွဲတပည့်တွေက ကြောက်ရွံ့ရိုသေကြသည်။
ကိုကို့လူတွေကတော့ ကိုကို့ကို သိပ်မရိုသေကြသော်လည်း သခင်လေးဟု တလေးတစားခေါ်ကြပြီး လေးလေးစားစားတော့ ဆက်ဆံကြသည်။"အဲ့လိုကျ ကလေးတွေရောရှိတယ်ဆို သူတို့ကကျောင်းမတက်ကြဘူးလား"
"တက်ရတာပေါ့ ကလေးတိုင်းကို ကျောင်းထားပေးတယ် ပြီးတော့ အိမ်အနောက်ဘက်မှာ ဥယျာဥ်တစ်ခုရှိတယ် မင်းပျင်းရင်သွားလည်လို့ရတယ် အဲ့ဒီမှာသီးပင်စားပင်၊ ပန်းပင် အားလုံးသူတို့စိုက်ထားတယ် ယူခွင့်၊စားခွင့်၊ ရောင်းခွင့်ရှိတယ် အလုပ်လုပ်တဲ့ အကျိုးအမြတ်သဘောနဲ့ ကလေးတွေလည်း မခိုမကပ်ရအောင်လို့လေ
ဒီအိမ်မှာ ကလေးကအစလူတိုင်း တစ်ယောက်မကျန်အလုပ်လုပ်ရတယ် အဲ့ဒါLeoponရဲ့စည်းကမ်းပဲ"
KAMU SEDANG MEMBACA
ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)
Romansaငါချစ်ရင် ငါနဲ့ပဲညားမှာမို့ မင်းသတိနဲ့သာနေ Baby မင်းက ငါအမြစ်တွယ်မိတဲ့ တစ်ခုတည်းသောချစ်ခြင်းတရားပဲ ဒါကြောင့်မို့ ငါ့ရင်ခွင်ကို ခြေစုံကန်ဖို့မစဥ်းစားနဲ့ မဟုတ်ရင် မင်းကိုငါသတ်မိလိမ့်မယ် Start Date - 13 Jan 2023 End Date - 19 March 2023