🎀 Part - 38 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫"Baby ခုထိမထသေးဘူးလား"
အပြင်သွားဖို့ အားလုံးပြင်ဆင်ပြီးသည့်တိုင် Babyသည် စောင်ပုံထဲမှာခွေခေါက်နေဆဲမို့ အနားကပ်ကာ စောင်ကိုဆွဲချပြီး ငုံ့ကြည့်မိသည်။
ထိုအခါမှ သူမက မျက်နှာလေးရှုံ့မဲ့ကာ မဖွင့်ချင်ဖွင့်ချင်ဖြင့် မျက်လုံးလေးတွေပွင့်လာပြီး..."ခေါင်းကိုက်တယ်"
"ဘာလို့ကိုက်တာလဲ"
ပါးစပ်ကမေးလိုက်သလို လက်ကလည်း သူမနဖူးလေးကို ထိကပ်စမ်းလိုက်တော့ ပူချစ်နေသောအထိအတွေ့ကြောင့် စိုးရိမ်သွားရသည်။
လည်ပင်းလေးကိုထပ်စမ်းကြည့်တော့လည်း ပူနေဆဲပဲမို့ ပြာသွားမိကာ ချက်ချင်းဖုန်းထုတ်ပြီး ဆရာဝန်ခေါ်ခိုင်းလိုက်တော့၏။"Sorryပါ Babyရယ် ကိုကို့အမှားပါ ညတုန်းက အင်္ကျီချွတ်ထားတာတော်တော်ကြာသွားလို့ အအေးမိတာဖြစ်မယ်"
"ဘာလို့အဲ့ဒါကိုထည့်ပြောနေတာလဲ"
"မဟုတ်ဘူးလား အ!!"
Baby သူ့ကိုဆွဲဆိတ်လိုက်၍ နာသွားမိကာ သူ့ရှပ်အင်္ကျီတစ်ထည်ကို ဗီရိုထဲကသွားထုတ်ယူခဲ့ပြီး Babyညဝတ်အင်္ကျီပေါ်မှာ ထပ်ဝတ်ပေးလိုက်သည်။
သူမရဲ့ခန္ဓာကိုယ်လေးဟာ သေးကွေးလွန်းတာမို့ သူ့အင်္ကျီက ပေါင်လယ်လောက်အထိရောက်နေပြီဖြစ်ကာ လက်ကလည်းရှည်လွန်းနေ၍ ခေါက်ပေးလိုက်သည်။"သခင်လေး ဆရာဝန်ရောက်ပါပြီ"
ဦးမိုးသူ၏အသံနှင့်အတူ တံခါးဖွင့်သံကြားလိုက်ရ၍ လှည့်ကြည့်မိတော့ Babyကိုအင်္ကျီလက်ခေါက်ပေးနေသော သူ့ကိုကြည့်ကာ တအံ့တဩ။
ထိုနှစ်ယောက်လုံး ပြုံးသွားကြပေမယ့် မျက်နှာပိုးသတ်ပြီး သူတို့အနားရောက်လာကာ သူကတော့ ဘေးဖယ်မပေးဘဲ တမင်ထိုင်နေလိုက်သည်။"အဖျားက ဘယ်လောက်တောင်ရှိလို့ ဒီလောက်ထိပူနေတာလဲ"
"၁၀၀ကျော်လေးပါ ကျွန်တော်ဆေးထိုးပေးခဲ့မယ် သခင်လေး"
"ဟင့်အင်း ကိုကို မထိုးချင်ဘူး"
Babyက ချက်ချင်းမျက်ရည်ဝဲကာ အိပ်နေရာမှထထိုင်ပြီး သူ့ရင်ခွင်ထဲတိုးဝင်လာ၍ သူမကိုယ်လေးကိုဖက်ကာ ခေါင်းလေးကိုသပ်ပေးလိုက်သည်။
တစ်ဆက်တည်းမှာပဲ ဆရာဝန်ကောင်လေးကိုပြန်ကြည့်ကာ ခေါင်းခါပြလိုက်တော့ ထိုကောင်လေးကပြုံးစိစိဖြင့် ဆေးထိုးအပ်တွေကို ပြန်သိမ်းသွားသည်။
CZYTASZ
ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)
Romansငါချစ်ရင် ငါနဲ့ပဲညားမှာမို့ မင်းသတိနဲ့သာနေ Baby မင်းက ငါအမြစ်တွယ်မိတဲ့ တစ်ခုတည်းသောချစ်ခြင်းတရားပဲ ဒါကြောင့်မို့ ငါ့ရင်ခွင်ကို ခြေစုံကန်ဖို့မစဥ်းစားနဲ့ မဟုတ်ရင် မင်းကိုငါသတ်မိလိမ့်မယ် Start Date - 13 Jan 2023 End Date - 19 March 2023