33

16.2K 506 13
                                    

🎀  Part - 33 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

နိုးနိုးလာခြင်း တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလို နာကျင်နေ၍ မျက်နှာလေးရှုံ့မဲ့ကာ တစ်ဖက်ကိုလှည့်အိပ်တော့ အင်္ကျီမပါသောရင်ဘတ်ပေါ် မျက်နှာလေးကပ်မိသွား၏။
ထိုအခါမှ အသိစိတ်ပြန်ဝင်ကာ မျက်လုံးတွေဖွင့်ကြည့်မိတော့ ချစ်ခြင်းကိုကြည့်နေသော ကိုကို..
ခုချိန်ထိစူးရဲအေးစက်နေသော ကိုကို့အကြည့်တွေကြောင့် ချစ်ခြင်းလန့်ဖျပ်သွားပြီး ကိုယ့်အခြေအနေကို သတိရသွားသည်။
ညက ကိုကို ချစ်ခြင်းကို…

"နာနေတာလား"

"ဟင်!!"

တုံးတုံးတိတိမေးခွန်းကြီးကြောင့် ညကအဖြစ်အပျက်သည် အာရုံထဲပြန်ရောက်လာပြီး ချစ်ခြင်းရှက်ကိုးရှက်ကန်းဖြင့် စောင်ကိုခေါင်းမြီးခြုံပစ်လိုက်သည်။
ထိုအခါမှ ရယ်သံတစ်ချက်ထွက်လာပြီး ကိုကိုက စောင်ကိုအတင်းဆွဲချကာ..

"ရှက်နေတာလား Baby"

"ကိုကိုနော်"

ခြုံထားသည့်စောင်ကိုဆွဲချတော့ စောစောကနဲ့မတူတော့သည့် ကိုကို့မျက်နှာက မချိုမချဥ်၊ စပ်ဖြဲဖြဲ။
ချစ်ခြင်းလက်တွေကိုဆွဲချုပ်ကာ တစ်ကိုယ်လုံးသိမ်းဖက်ထားသည့်အပြင် မျက်နှာအနှံ့ခြွေချနေသည့် အနမ်းတွေကြောင့် ရင်ခုန်သံတွေက ပိုပြီးသိပ်သည်းလာသည်။
ကိုကို့လည်ပင်းကိုပြန်သိုင်းဖက်ထားရင်း အနမ်းတွေကိုကြည်ဖြူနေမိရင်း ရှက်ဖို့မေ့နေခဲ့ကာ အနမ်းတွေရုတ်ဖယ်သွားသည်နှင့် ကိုကိုက မျက်နှာကိုမော့ယူပြီး...

"ရှက်နေတာလေးကလည်း"

"သွား.. သွား.. သူများကိုလာမထိနဲ့"

"ထိချင်နေပြီ မရတော့ဘူး"

သူမနှုတ်ခမ်းလေးစူမိတော့ ကိုကိုက ချစ်ခြင်းဆံပင်တွေထဲ မျက်နှာတိုးဝှေ့နမ်းပြီးမှ ပါးလေးကိုဆွဲဖဲ့ကာ..

"တကယ်.. မင်းကြောင့်ရူးနေပြီ"

"မသိဘူး ကိုကို့ကိုမကျေနပ်ဘူး ကိုကိုပြောတော့ ဖက်ရုံ၊ နမ်းရုံအပြင်ဘာမှမလုပ်ဘူးဆို အခု"

"အခုဘာလုပ်လို့လဲ"

ရယ်ကျဲကျဲဖြင့် မသိသလိုမေးလာသော ကိုကို့ကြောင့် ချစ်ခြင်း နှုတ်ခမ်းကိုပိုပြီးစူထော်ပစ်ကာ ကိုကို့ရင်ဘတ်ကြီးကို တဘုတ်ဘုတ်ထုပစ်လိုက်သည်။
သိပ်လည်တဲ့လူကြီး...

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Où les histoires vivent. Découvrez maintenant