25

14.7K 511 13
                                    

🎀  Part - 25 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"နယ်စပ်မှာ ပျော်သလိုနေလို့ရတယ် ဟိုဘက်ကိုကူးရင် Thaiကိုရောက်ပြီ ညီမလေး Viewလည်းလှတယ်"

သူ တက်ကြွစွာပြောမိပေမယ့် ချစ်ခြင်းကိုစိတ်မပါသလို အပြုံးလေးဖြင့်အလိုက်သင့်တုံ့ပြန်ကာ ခပ်ဝေးဝေးက ဆိုင်တွေဆီငေးကြည့်နေ၏။
ညကတည်းက ညီမလေးရဲ့ပုံစံကို စိုးထိတ်နေခဲ့ရပြီး မနက်လင်းသည်နှင့် ချက်ချင်းတာချီလိတ်ကိုခေါ်လာခဲ့ကာ ဒီမှာပဲ အချိန်ကြာကြာနေခိုင်းဖို့ စိတ်ကူးလိုက်သည်။

သူမလေးကို ထက်ဘုန်းလျှံနှင့်ခွဲထုတ်ဖို့ အစစအရာရာအဆင်သင့်ဖြစ်နေကာ တာချီလိတ်မြေသည် Leoponကင်းမဲ့နေပြီမို့ စိုးရိမ်စရာမရှိ။
စဝ်ကိုပဲသတိထားရမည်ဖြစ်ပေမယ့် သူရှိနေသည့်အတွက် ချစ်ခြင်းကို နှောက်ယှက်ရဲမှာလည်းမဟုတ်။

"မပျော်ဘူးလား"

"မဟုတ်ပါဘူး ချစ်ခြင်း ဒီကိုပြန်လာရတာ တမျိုးကြီးပဲ သိပ်တော့မမှတ်မိပေမယ့် ကြောက်နေမိတယ် လူတွေအများကြီးဝင်လာကြတာ"

"ဘာမှမကြောက်နဲ့တော့ အဲ့ဒီတုန်းက ကိုဇွဲက အင်အားမရှိသေးလို့ အခု ဒီနယ်မြေမှာ ကိုဇွဲကိုကျော်နိုင်တဲ့သူမရှိဘူး ဘာမှမကြောက်နဲ့"

"ဟုတ်"

ဟုတ်ဆိုပေမယ့် သူမမျက်နှာလေး ပြန်ကြည်လင်မလာပါ။
ဒီအနေအထားအတိုင်းဆို ထက်ဘုန်းလျှံဆိုသည့်သတ္တဝါကိုမေ့ဖို့ ချစ်ခြင်းကိုအတော်လေးဖိအားပေးရလောက်သည်။
မသိမသာသက်ပြင်းခိုးချလိုက်မိတော့ ဆိုင်ထဲဝင်လာသည့် စဝ်ကိုတွေ့လိုက်ရ၍ ပိုပြီးစိတ်ကသိကအောက်ဖြစ်သွားမိသည်။

"ကိုဇွဲတို့ရောက်နေတယ်ဆိုလို့ ချစ်ခြင်းလည်းပါလာတာကိုး"

"အင်း ဟုတ်တယ်"

"အလည်ဘာညာထွက်ချင်လည်း ပြောနော် ကိုဇွဲမအားရင် ကျွန်တော်လိုက်ပို့ပေးမယ်"

"ငါကိုယ်တိုင်လိုက်ပို့မှာပေါ့ ငါ့ညီမလောက် ဘာကမှ အရေးမကြီးဘူး"

ချစ်ခြင်းအနားမှာ ဘယ်သူမှမရှိစေချင်တာရော၊ ဘယ်သူ့ကိုမှမယုံတာရော ဒီကောင်သိအောင် ပါးပါးလေးပြောလိုက်တော့ စဝ် မျက်နှာတည်သွား၏။
ထိုအခါ ဇွဲ တစ်ချက်ပြုံးလိုက်ပြီး ချစ်ခြင်းကိုကြည့်မိတော့ ညီမလေးက သူ့ကိုပြန်ကြည့်နေကာ စောစောကလောက် စိတ်မပါလက်မပါမဟုတ်တော့...

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now