34

15.2K 520 10
                                    

🎀 Part - 34 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မမအတွက်"

နှင်းဆီပန်းတစ်ပွင့်ခူးယူလာသော ကလေးမလေးကို ချစ်စနိုးကြည့်လိုက်ရင်း ပါးအိအိလေးကိုဆွဲဖဲ့ကာ ရွတ်ခနဲနမ်းလိုက်မိသည်။
ကိုကို့ရဲ့ဥယျာဥ်ကြီးက ကျယ်လည်းကျယ်သလို ပန်းတွေလည်းအများကြီးစိုက်ထား၍ လှလည်းလှသည်။
ရေလောင်းပေါင်းသင်နေကြသော ကလေးလေးတွေကလည်း သူ့အရွယ်နဲ့သူ နိုင်ရာဝန်ကိုထမ်းနေကြ၍ ကိုကို့စည်းကမ်းကို သဘောကျသွားသည်။

"မမက သခင်လေးရဲ့မိန်းမဆို"

"ဘယ်သူကပြောတာလဲ"

"မေမေကပြောတာ သခင်လေးရဲ့မိန်းမမို့ ရိုရိုသေသေဆက်ဆံရမယ်တဲ့ ဒါမှသခင်လေးကို သိတတ်ရာရောက်မှာတဲ့"

"မလိုပါဘူး မီးမီးလေးရဲ့ ကဲ.. ပြပါဦး မမလည်းအပင်တွေရေလောင်းချင်လို့"

"မလုပ်ပါနဲ့ သခင်လေးသိရင် ကျွန်မတို့ကိုသတ်နေပါ့မယ် ဒီအတိုင်းပဲထိုင်နေပြီး ခိုင်းချင်တာပဲခိုင်းပါ"

နေရာတကာချုပ်ချယ်နေသော ဒီလူကြီးကြောင့် ချစ်ခြင်းနှုတ်ခမ်းလေးစူပစ်လိုက်ကာ မြက်ခင်းပေါ်ဘုတ်ခနဲထိုင်ချတော့ အမျိုးသမီးတွေက ပြုံးသွားကြသည်။
ထိုအုပ်စုထဲမှတစ်ယောက်ကတော့ ချစ်ခြင်းအတွက် နှင်းဆီပန်းတွေယူလာပြီး နှင်းဆီစူးတွေကိုကတ်ကြေးဖြင့် သေချာညှပ်ပေးနေ၏။

"ဘာလို့ ကိုကို့ကိုအရမ်းကြောက်ကြတာလဲဟင် သူကလေ သေနတ်နဲ့ပဲအမြဲတမ်း"

"အဲ့လိုမဟုတ်ပါဘူး မမလေးရဲ့ Leoponကို သခင်လေးရောက်လာတာက ဘုရားပေးတဲ့ဆုလာဘ်လိုပဲ သခင်လေးကသူ့အဖေနဲ့သိပ်တူတယ် လက်အောက်ငယ်သားတွေအတွက် အရမ်းကြည့်ပေးတာ ထိခိုက်ဖျားနာဖြစ်ရင်ကုဖို့ ဆေးရုံတွေတောင်ဝယ်ပေးထားတာ အချိန်မရွေးသွားကုသ,လို့ရတယ်"

"ပြီးတော့ အနူးရဲ့သမီးဆို ကျောင်းဆရာမဖြစ်နေပြီတော်"

"မနန်းရဲ့သားလေးရော ဆေးကျောင်းတက်နေပြီလေ သခင်လေးကကျောင်းထားပေးတာ ကျုပ်တို့ချည်းသာဆို ဒီလိုဘယ်ရမလဲ"

ကိုကိုက ဒီလိုလည်းကြင်နာတတ်ပါသေးလား။
အတွေးဖြင့်ပြုံးနေမိတုန်း ထိုအမျိုးသမီးတွေက ချစ်ခြင်းအနားမှာ ဝိုင်းဖွဲ့လာကြကာ ပန်းသီသူကသီ၊ စည်းတဲ့သူကစည်း..
ပြောနေကြသည့်စကားတွေကတော့ သူတို့အပေါ် ကိုကို့ရဲ့ငဲ့ညှာမှုတွေအကြောင်း၊ ကလေးတွေရဲ့ဘဝကိုမြှင့်တင်ပေးသည့်အကြောင်းတွေ။

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Tempat cerita menjadi hidup. Temukan sekarang