23

15.3K 531 8
                                    

🎀  Part - 23 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

စိတ်ကောက်နေသောသူမသည် ဒီနေ့ညမှာ ဝရံတာတံခါးကိုပါ Lockချထား၍ အသံမထွက်အောင်ရယ်မိသေးသည်။
Babyဟာ သူဘယ်လိုလူမျိုးလဲမသိသေးတာမို့ သဘောတကျဖြစ်နေမိပြီး ဂျာကင်ထဲမှာအမြဲပါသော သံချောင်းလေးတွေကို ဆွဲနှုတ်လိုက်သည်။
လေ့လာထားသောပညာရပ်တစ်ခုဟာ သူ့အချိန်နဲ့သူ အသုံးဝင်လာ၍ Babyရဲ့ဝရံတာတံခါးလေး ပွင့်သွားတော့၏။

အခန်းထဲမှာဘယ်သူမှမရှိ၍ အခန်းတံခါးကိုသွားကြည့်တော့ အထဲမှLockထားသောကြောင့် Babyဟာ အခန်းထဲမှာ သို့မဟုတ် ရေချိုးခန်းမှာပဲရှိရမည်။
အခန်းထဲမှာတော့မရှိတာမို့ ရေချိုးခန်းထဲက အသံကို အကဲခတ်နားစွင့်နေတုန်း အထဲမှရေကျသံကြားလိုက်ရ၍ သူ ပြုံးလိုက်မိသည်။
ခဏအကြာမှာ Babyက ရေချိုးဝတ်စုံအဝါဖျော့ဖျော့လေးဖြင့် ထွက်လာပြီး ဆံပင်တွေသုတ်နေသောကြောင့် သူ့ကိုမမြင်။

"ဒီအချိန်ကျမှ ရေချိုးနေတာလား"

လန့်ဖျတ်သွားသောBabyက သူ့ကိုမကျေမနပ်ကြည့်ရင်း ဝရံတာတံခါးဆီအကြည့်ရောက်သွားသည်။
သူ ခပ်တိုးတိုးရယ်လိုက်ပြီး Babyလက်ထဲက သဘက်လေးကိုဆွဲယူ၍ သူမဦးခေါင်းပေါ်အုပ်မိုးကာ ရေသုတ်ပေးမိသည်။

"မလုပ်နဲ့ သူများဘာသာလုပ်မယ်"

"ကိုကိုလုပ်ပေးပါ့မယ် Babyကလည်း.. ကောင်မလေးကစိတ်ကောက်နေရင် ဒီလိုချော့လို့ရမလားလို့"

"မရဘူး ဖယ်နော် ကိုက်မှာ"

"ကိုက်.. ပြီးရင်မင်းကိုပြန်ကိုက်မယ်"

"အ!! ကိုကိုနော်"

ပါးလေးကိုငုံ့ကိုက်ပစ်လိုက်တော့ နာသွားပုံရသည့် Babyက မျက်ရည်ဝဲသွားပြီး သူ့ရင်ဘတ်ကိုတဘုန်းဘုန်းထုတော့၏။
ရေစိုဆံပင်တွေဖြင့် Babyမျက်နှာလေးဝင်းစက်နေကာ မကျေမနပ် နှုတ်ခမ်းလေးကိုက်နေ၍ သူ့မျက်လုံးထဲပိုချစ်စရာကောင်းနေသည်။
တကယ်အသည်းယားဖို့ကောင်းတဲ့ ကလေးမလေး..

"ကိုကို့ကိုမချစ်တော့ဘူး အရမ်းကြမ်းတမ်းတာပဲ"

"အသည်းယားလို့ပါ Babyရယ် နောက်ဆိုမကိုက်တော့ဘူး နမ်းရုံပဲနမ်းမယ်"

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Opowieści tętniące życiem. Odkryj je teraz