14

14.3K 487 8
                                    

🎀  Part - 14 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

လားရှိုးစံအိမ်ကို သူတို့ညီအစ်ကိုပြန်ရောက်သည့်အခါ အဖေနဲ့အမေက ခြံကိစ္စဖြင့်ခရီးထွက်နေချိန်ဖြစ်သည်။
တန်ခိုးက ပန်းထက်အက္ခရာကို တစ်ခါတည်းအပါခေါ်လာ၍ ကိုယ့်ညီကိုမိန်းမခိုးပေးသည့် မာဖီးယားတွေထဲမှာ သူက ပထမဆုံးဖြစ်လောက်သည်။

တစ်လမ်းလုံး လက်ကလေးကိုင်လိုက်၊ ဆံပင်လေးဖွလိုက်ဖြင့် အရိပ်တကြည့်ကြည့်ဖြစ်နေသော ညီဖြစ်သူကို ဟားတိုက်ရယ်ချင်စိတ်က ထိန်းမရ။
မိန်းကလေးတစ်ယောက်ကို အဲ့လောက်အထိ ယုယုယယချစ်တတ်ဖို့လိုသလား…

ဘုန်းတန်ခိုးဆိုသည့်ကောင်သည် ဘယ်လောက်ပဲတော်နေနေ၊ ဘယ်လောက်ပဲအကွက်ရွှေ့နိုင်နေနေ အက္ခရာဆိုသည့်ငါးရှဥ့်မလေးမှာ အမြစ်တွယ်နေခဲ့သည်။
ဒီလိုဆို သူ အမြစ်တွယ်ရမည့်မိန်းကလေးကရော ဘယ်သူဖြစ်လောက်မလဲ…

လွှဲရိုက်လိုက်သည့် ဂေါ့ဖ်တံနှင့်အတူ လွင့်ထွက်သွားသည့် ဂေါ့ဖ်သီးက ကျင်းအနားထိရောက်သွား၍ သူတစ်ချက်ပြုံးလိုက်သည်။
တန်ခိုးက ဂေါ့ဖ်တံပေါ် လက်နှစ်ဖက်လုံးတင်ထားလျက် ပခုံးတွန့်ကာ...

"အစ်ကို့ရိုက်ချက်က ကောင်းလှချေလား"

"ကောင်းဆို မနေ့တစ်နေ့ကပဲ ဒီဂေါ့ဖ်တံနဲ့ ငါ့ကိုသစ္စာဖောက်သွားတဲ့ကောင်ကို ရိုက်ခွဲထားတာ"

ထိုလူ့ရဲ့တစ်မိသားစုလုံးကိုရှင်းပစ်ဖို အကျဥ်းချထားသည်ကိုတော့ မပြောဖြစ်ခဲ့။
တန်ခိုးရဲ့စိတ်က အမေနဲ့ပိုတူကာ သူ့ကိုဒုက္ခပေးသည့်လူတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားတတ်ပြီး သူကတော့ ကျူပင်ခုတ်ကျူငုတ်မချန် ရှင်းပစ်တတ်သူ။
ဒါမှလည်း ကိုယ့်အတွက် အန္တရာယ်ကင်းရမည်မလား…

"Min Groupမှာ မင်းCEOလုပ်ရတော့မယ် တန်ခိုး အလွယ်ဆုံးကတော့ ဦးမင်းကို CEOနေရာကဖြုတ်ချလိုက် CEOမရှိတော့ရင် ရှယ်ယာဈေးတွေထိုးကျသွားလိမ့်မယ်"

"အစ်ကိုက အဲ့ဒီအချိန်ကိုစောင့်နေတာလား"

"အင်း.. မင်း ဒီကောင်မလေးကိုခိုးပြေးလာတာနဲ့ နည်းနည်းနောက်ဆုတ်ရမယ်ထင်တယ် ငါလိုချင်တဲ့ရှယ်ယာက ဇွဲကပင်ရဲ့ရှယ်ယာပဲ သူကအဲ့ဒီမှာ 20%ရထားတယ်"

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now