35

15.3K 490 21
                                    

🎀  Part - 35 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

အကျယ်ချုပ်မှရှောင်ဖို့အတွက် မြေပြန့်ကိုပြန်ဆင်းလာခဲ့ကာ တာချီလိတ်မြေကို ခဏရှောင်နေဖို့ သက်ဆိုင်ရာက သတိပေးထားသည်။
အနည်းဆုံးနောက်တစ်လလောက် ရှောင်နေရမှာမို့ မြေပြန့်ကိုဆင်းလာခဲ့ကာ ပစ်ထားတာကြာပြီဖြစ်သော Min Gpရဲ့ရှယ်ယာကိစ္စတွေ ခေါင်းထဲပြန်ရောက်လာသည်။

"ဆရာ ထက်ဘုန်းလျှံ မြေပြန့်ကိုရောက်နေတယ်"

"ဘာလာလုပ်တာလဲ"

"သူ့ခယ်မ ကားတိုက်မှုဖြစ်လို့တဲ့"

ဇွဲ ဒေါသထွက်သွားမိကာ အံကြိတ်ပြီး လက်သီးကိုကျစ်နေအောင် ဆုပ်ထားလိုက်သည်။
ပန်းထက်အက္ခရာ ကားတိုက်တာနဲ့ပဲ ညီမလေးကို ဟိုနေရာမှာ တစ်ယောက်တည်းထားခဲ့တာပေါ့..

"တောက်!!"

အသက်ကိုပြင်းပြင်းရှူကာ စိတ်ကိုငြိမ်အောင်ထားလိုက်ရင်း တပည့်ဖြစ်သူကို လှည့်ကြည့်လိုက်ပြီး..

"ရပြီ မြဝတီကိုဆင်းဖို့ပြင်ထားလိုက် ကျန်တာငါဆက်လုပ်မယ်"

"ဟုတ်ကဲ့"

အခန်းထဲသူတစ်ယောက်တည်းကျန်တော့မှ ရုရှားသို့သွားဖို့ လေယာဥ်လက်မှတ်ကို Cancelလုပ်လိုက်ကာ ထို့ထက်အရေးကြီးသော ကိစ္စတစ်ခုရှိသေးသည်မလား..
ဒီတစ်ခါတော့ ငါ လူမမှားမှာ အသေအချာပဲ ထက်ဘုန်းလျှံ…

🎀  🎀  🎀  🎀  🎀

"Babyကိုဖုန်းဆက်လို့မရဘူး နန္ဒ ဘာလုပ်နေတာလဲ သွားကြည့်စမ်း"

ခဏလေးအားတာနှင့် Babyကိုသတိရလိုက်ကာ ဘာမှမပြောခဲ့ရသည်ကိုလည်း အခုမှသတိရသွား၍ ဖုန်းဆက်တော့ Babyက ဖုန်းမကိုင်ချေ။
သူမ စိတ်ကောက်နေပြီဆိုသည့်အသိဖြင့် နေမရတော့ဘဲ နန္ဒဆီဖုန်းဆက်တော့လည်း Babyအောက်ဆင်းမလာဟု ပြန်သိရသည်။

"ဘာလို့ဆင်းမလာတာလဲ မနက်စာမစားဘူးလား"

"မစားပါဘူး ညကလည်း အစ်ကိုကြီးကိုမျှော်နေပုံပဲ ညစာလည်းသိပ်မစားဘူး"

"ကျစ်!! Babyကလည်းကွာ"

ဒီဘက်ရောက်တုန်းရောက်ခိုက် နယ်မြေတွေကိုစစ်ဆေးချင်သေးပေမယ့် Babyကြောင့် စိတ်မဖြောင့်တော့။
ဒီနယ်မြေတွေကို တန်ခိုးလက်ထဲထည့်ပေးထားသည်ကို ပြန်သတိရလိုက်၍ သူ မစစ်ဆေးလည်းအဆင်ပြေလောက်သည်ဟု တွေးလိုက်တော့၏။
ထို့ကြောင့် တောင်ကြီးကိုပြန်ဖို့ ချက်ချင်းစီစဥ်ကာ ထွက်လာခဲ့တော့ နေ့လည်၂နာရီ...

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Où les histoires vivent. Découvrez maintenant