49

15.3K 529 12
                                    

🎀 Part - 49 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"အခြေအနေကစိတ်ချရပါပြီ သွေးလွန်နေတာရယ် သွေးကြောတစ်ချောင်း ထိသွားတာရယ်ကြောင့် ခွဲစိပ်မှုကကြာနေတာပါ"

"တခြားဘာထိခိုက်မှုရှိသေးလဲ"

"အတွင်းပိုင်းကတော့ ဘာမှထိခိုက်မှုမရှိတော့ပါဘူး ကျည်ဆံတွေကိုလည်းထုတ်ပြီးပါပြီ အပြင်ပိုင်းထိခိုက်မှုလေးတွေတော့ရှိပါတယ်"

ခွဲစိပ်ခန်းထဲက ကိုကိုထွက်လာတော့မှ ချစ်ခြင်းသက်ပြင်းချနိုင်ပြီး ပတ်တီးတွေစီးထားရသော ကိုကို့ကို သေချာမကြည့်ရဲသေး။
အဖေရော၊ အမေပါရောက်နေပြီဖြစ်သလို ကိုကို့ညီအရင်းဆိုသော ဘုန်းတန်ခိုးဆိုသည့်လူပါ ရောက်နေ၍ ချစ်ခြင်းအနေခက်နေမိသည်ကအမှန်။
ကိုကိုအခုလိုဖြစ်ရတာ သူမကြောင့်…

"ချစ်ခြင်း သွားလေ"

"ဟင့်အင်း"

ကိုဇွဲက သတိပေးသည့်တိုင် ချစ်ခြင်းခေါင်းခါမိကာ အကယ်၍တစ်ယောက်ယောက်ကများ ချစ်ခြင်းကိုမောင်းထုတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။
ထို့ကြောင့် ကိုကို့အခန်းအပြင်မှာ ဒီအတိုင်းလေးထိုင်နေမိရင်း ကိုဇွဲအနားပဲကပ်နေတော့ ကိုကို့ညီက ကြည့်နေသေးသည်။
အတော်လေးကြာတော့မှ ချစ်ခြင်းအနီးမှာထိုင်ကာ ချောကလက်မုန့်လေးတစ်ခု လှမ်းပေးလာ၍ ချစ်ခြင်းမော့ကြည့်မိသည်။

"မင်းက ကလေးဆိုတော့ မုန့်ကျွေးတာ"

ဟု နွေးနွေးထွေးထွေးပြောလာတော့ ချစ်ခြင်းပြန်ပြုံးပြလိုက်မိသည်။
ထိုအခါမှ တန်ခိုးဆိုသည့် ကိုကို့ညီက အပြုံးတစ်ချက်ဖြင့် ချစ်ခြင်းကိုကြည့်ကာ...

"ငါ အရင်တုန်းကဒီလိုမျိုးပဲ ခွဲစိပ်ခန်းရှေ့မှာ တစ်ယောက်ယောက်ကိုစောင့်နေခဲ့ဖူးတယ် ဘာမှမဖြစ်ပါစေနဲ့ ဘာမှမထိခိုက်ပါစေနဲ့ဆိုတဲ့ ဆုတောင်းစကားတွေ ဘယ်နှခွန်းလောက်ပြောမိသလဲမသိဘူး
သူသတိမရခင် သူ့မျက်နှာကိုကြည့်ပြီး ငါငိုခဲ့ဖူးတယ် ငါ့ကြောင့်ဖြစ်ရတာ ငါ့ကြောင့်မို့ဆိုပြီးတော့"

ချစ်ခြင်း မုန့်ထုတ်လေးကိုကိုင်ပြီး ထိုလူကြီးကိုမော့ကြည့်မိသည့်အခါ ကိုကိုနဲ့အတော်လေးဆင်တူပြီး ရှပ်အင်္ကျီအဖြူဝတ်တာနှင့် ဆံပင်တိုတာသာ ကွာခြားသည်။
ကိုကို့လိုမာကျောနေတာလည်းမဟုတ်ဘဲ နူးညံ့ခြင်းရှိသောစကားတွေက ချစ်ခြင်းရဲ့ခံစားချက်ကို နားလည်နေသလိုမျိုး..

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Tempat cerita menjadi hidup. Temukan sekarang