26

14.4K 513 7
                                    

🎀 Part - 26 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

အရောင်းအဝယ်ပြီးသွားသည့်အခါ အနားယူဖို့စဥ်းစားလိုက်ပေမယ့် tattooနေရာမှနာနေသေး၍ Babyကိုသတိရသွားသည်။
ဗြုန်းစားကြီးရွာချတတ်သော အခါလွန်မိုးတွေလို Babyကိုတွေ့ချင်စိတ်က ပြင်းပြလာခဲ့သည်။
သူ့လည်ပင်းက tattooကိုမြင်ရင် ကိုကိုကကြောက်စရာကြီးဟု ပြောဦးမလားမသိ။

သူမမျက်နှာလေးကို သွားတွေ့ချင်စိတ်တွေဖြစ်လာတာမို့ နာရီကိုတစ်ချက်ကြည့်သည့်အခါ နေ့လည်သာရှိသေးတာမို့ ခရီးကိုပြန်တွက်ကြည့်လိုက်သည်။
လက်ရှိနေရာက မိုင်းဆတ်မှာမို့ တာချီလိတ်ဟာ ဘယ်လောက်မှမဝေးသည့်အနေအထား...

"ငါအပြင်သွားလိုက်ဦးမယ်"

"တာချီလိတ်ကိုလား အစ်ကိုကြီး"

"မဟုတ်ဘူး"

ပြုံးစိစိမေးလာသော သီဟကြောင့် သူမျက်နှာတင်းပစ်လိုက်တော့ နန္ဒကပါရယ်သံသဲ့သဲ့ဖြင့်…

"လားဟူကအမျိုးတွေဆီ မရောက်တာကြာလို့ပါ ကျွန်တော်တို့လိုက်ခဲ့ပါရစေ"

ဦးမိုးသူက လားဟူတိုင်းရင်းသားဖြစ်ပြီး ထိုနယ်မြေမှာ အထိုက်အလျောက်အာဏာရှိကာ လားဟူသည် သူ့လက်အောက်ခံမဟုတ်သည့် စီးပွားရေးမိတ်ဖက်နယ်မြေ။
သူ့အပိုင်မဟုတ်ပေမယ့် ထင်သလိုဝင်ထွက်ခွင့်ရသောနေရာမို့ တာချီလိတ်နယ်မြေထဲဖြစ်နေသော်ငြား ဇွဲကပင်ကိုဂရုစိုက်စရာမလို။

"တာချီလိတ်ကိုမဟုတ်ဘူးလို့ ခွေးကောင်တွေရ"

"မဟုတ်လည်း လမ်းကြုံလိုက်ပါ အစ်ကိုကြီးရာ ဘဘကြီးက အစ်ကိုကြီးနဲ့မတွေ့တာကြာပြီတဲ့"

"ပြီးတော့ လားဟူတိုင်းရင်းသားနယ်မြေက ဇွဲကပင်ရဲ့နယ်မြေမဟုတ်ဘူးလေ Leoponရဲ့စီးပွားဖက်ပဲ ညအိပ်လို့လည်းရပါတယ်"

လိမ်မရတော့ပြီမို့ ခပ်တည်တည်ဖြင့်ခေါင်းညိတ်ပြလိုက်တော့ ထိုညီအစ်ကိုဟာ အပြုံးကိုယ်စီဖြင့် ကားပေါ်ရောက်သွားကြ၏။
မိုင်းဆတ်နယ်မြေကိုလည်း စစ်ဆေးပြီးပြီမို့ တာချီလိတ်ကိုဦးတည်လာခဲ့တော့ တွေ့ရတော့မည်ဆိုသောအသိဖြင့် ရင်ထဲနွေးသွားသလိုပင်။

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Donde viven las historias. Descúbrelo ahora