အခန်း(၁၁)

230 13 0
                                    



အခန်းထဲရောက်ရောက်ချင်း အိမ်ရှေ့စံမှာ မျက်လုံးပြူးသွားပြီး ဆွံ့အသွားရလေ၏။သူသည် ထဘီဖိုသီဖပ်သီနှင့်အမျိုးသမီးကိုကြည့်လိုက်သည်။မျက်နှာတွင်လည်း မျက်ရည်တွေက ရွှဲစိုနေ၏။အင်္ကျီမှာလည်း
ဟစိဟစိဖြစ်၍နေသည်။

သူသည် ဤကဲ့သို့သောမြင်ကွင်းကြောင့် ချက်ခြင်းပင်အသိဝင်သွားပြီး မျက်လုံးကိုပြူးသွားလေ၏။သူသည် ပြူးပြူးပြဲပြဲဖြင့် အော်မေးလိုက်လေတော့သည်။

"ဦးရီးတော် ဘာလုပ်နေတာလဲ ၊ နေ့ခင်းကြောင်တောင်ကြီးလေ...အရှက်လေးဘာလေးရှိပါဦးလား"

သူသည် လဲကျကာ မျက်ရည်တွဲလဲနှင့်အမျိုးသမီးကိုလည်း စေ့စေ့စပ်စပ်ကြည့်သည်။သေသေချာချာကြည့်ပြီးသွားလေမှ နှာခေါင်းရှုံ့လိုက်သည်။
သေချာကြည့်တာတောင် ဘာမှမတွေ့ရဘူး။

သူသည် နှာခေါင်းရှုံ့၍ လက်ကလေးပိုက်ကာ အထဲသို့ဝင်လာခဲ့လိုက်သည်။လဲကျနေသောအမျိုးသမီးမှာ သူဝင်လာသည်ကိုမြင်တာနှင့်လက်ကိုချက်ခြင်းလှုပ်ရှားကာ အင်္ကျီကိုချွတ်ဖို့လုပ်တော့သည်။ဦးရီးတော်သည်
မရမကကို ချုပ်ဖမ်း၍မချွတ်ခိုင်းပေ။

" ရှင်သုခမိန် "

နယ်စားမင်းစဝ်ဝဏ္ဏမှာ ရှင်သုခမိန်ကိုချုပ်ဖမ်းကာ နားရွက်နားကပ်၍ ခပ်တိုးတိုးခေါ်သည်။

" ခဏလေးပဲ ၊ အိမ်ရှေ့စံကြောင့် ငါအကျပ်အတည်းတစ်ခုရင်ဆိုင်နေရလို့
အကူအညီအနေနဲ့တောင်းဆိုတာ။ဒါပြီးရင် မင်းကိုပြန်လွှတ်ပေးမယ်...မဟုတ်ရင် အကျဉ်းထောင်ထဲမှာပဲ တစ်သက်လုံးထားလိုက်မယ်"

ရှင်သုခမိန်သည် အနှီစကားများကိုကြားလိုက်လျှင် နယ်စားမင်းအားစောင်းကြည့်လိုက်သည်။အိမ်ရှေ့စံသည် ပူးကပ်ယှက်နွယ်၍ တွတ်တီးတွတ်တာဆိုနေသော သူနှစ်ဦးကို ကြည့်၍ မျက်နှာကိုမဲ့သည်။

ဦးရီးတော်နဲ့သူ့ဇနီးက အတော်အရှက်မဲ့တာပဲ ၊ သူရှိတာတောင် စိတ်မထိန်းကြဘူး။

သူ ခေါင်းကိုယမ်းလိုက်ပြီး ခုံတွင်ဝင်ထိုင်
လိုက်လေ၏။စားပွဲခုံပေါ်ရှိ စားလက်စအစားအသောက်များကိုကြည့်၍ မျက်နှာက ထပ်မံရှုံ့မဲ့သွားပြန်သည်။ကြည့်ရတာ စားနေရင်းတန်းလန်းနဲ့...အရှက်မဲ့ကြတာပဲနေမှာ။ဟိုအမျိုးသမီးကလည်း အင်္ကျီကို ချွတ်တာများ အသည်းအသန်။သူရှာပေးသမျှ မိန်းမတွေကို ဦးရီးတော်မကြိုက်တာမဆန်းပါဘူး။ဦးရီးတော်အကြိုက်က ဒီလိုအရှက်မဲ့တဲ့အမျိုးသမီးဖြစ်နေတာပဲ။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now