အခန်း (၁၈)

198 5 3
                                    

" သူတို့ဘက်ကတော့ ဘာမှလှုပ်ရှားမလာဘူး "

စစ်မှုထမ်းရဲမက်ကလေးတစ်ဦးသည် ထိုစကားကိုပြောပြီး နောက်သို့ဆုတ်ကာ ငြိမ်သက်စွာရပ်နေလေ၏။သူ့အရှေ့ရှိပုဂ္ဂိုလ်သည်ကား ထိုင်ခုံစောင်းကိုလက်ချောင်းထိပ်ဖျားလေးများဖြင့် တတောက်တောက်ဆော့ကစားကာစဉ်းစားနေသည်။ဘေးပတ်ဝန်းကျင်ရှိရဲမက်များမှာမူ ခေါင်းငုံ့၍ အမိန့်ကိုစောင့်ဆိုင်းနေဟန်တူသည်။

ထိုစဉ်တွင်မြင်းတစ်ကောင်သည် စခန်းအတွင်းသို့တဟုန်ထိုးပြေးဝင်လာ၏။မြင်းပေါ်မှရဲမက်သည် စခန်းတွင်းရောက်သည်နှင့်မြင်းဇက်ကြိုးကို ဆွဲတန့်ကာ အရှိန်ကိုထိန်းလိုက်သည်။ယင်းနောက် ပေါ့ပါးသောအနေအထားဖြင့် မြင်းပေါ်မှခုန်ဆင်း၏။မြေပြင်ပေါ်ခြေထောက်ကျသည်နှင့် သွက်လက်သောခြေလှမ်းတို့နှင့်အတူ ခေါင်းဆောင်ရှိရာသို့ လျင်မြန်စွာအပြေးတပိုင်းရောက်သွားပေသည်။

ခေါင်းဆောင်၏ရှေ့သို့ရောက်လျှင် လက်ထဲ၌ပါလာသော စာချွန်လွှာအား
မြှောက်တင်ဆက်သလိုက်ပေသည်။

" ပေါရိသမှ စာချွန်လွှာပါးလိုက်ကြောင်းပါ ဘုရား "

ခေါင်းဆောင်သည် စစ်မှုထမ်းရဲမက်ကလေး၏လက်ထဲရှိ စာချွန်လွှာကိုယူ၍ ဖတ်လိုက်၏။သူ၏ မျက်ဝန်းတို့လှုပ်ရှားသွားပြီးချိန်တွင်တော့ နှုတ်ခမ်းထက်၌အပြုံးရေးရေးတို့သည် ပေါ်ပေါက်သွားသည်။

သို့သော် သူသည် သက်ပြင်းချ၍ စာချွန်လွှာကို လက်ထဲဆုပ်ကိုင်သိမ်းဆည်းလိုက်ကာ

" လုပ်စရာရှိတာလုပ်ကြတော့ " ဟု ဆို၍ အားလုံးကိုလက်ခါပြကာ နှင်ထုတ်လိုက်တော့သည်။သူသည်ကလည်း တဲအိမ်အတွင်းသို့ဝင်၍ စားပွဲခုံပေါ်ရှိ သားရေပြားချပ်မြေပုံအား စူးစိုက်ကြည့်သည်။သားရေပြားချပ်မြေပုံပေါ်ရှိ အနည်းရောင်အစက်ကလေးများချထားသည့် နေရာပေါ်သို့ ဓားမြှောင်တိုထိပ်ဖြင့်ထိုးစိုက်ကာ အပြီးသတ်လိုက်သည်။ယင်းနောက်တွင် သူသည် ဓားမြှောင်တိုကို ပြန်ဆွဲထုတ်၍ ဓားမြှောင်အိမ်အတွင်းပြန်ထိုးထည့်ကာ တဲအပြင်သို့ထွက်လာခဲ့သည်။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now