အခန်း (၄)

373 13 0
                                    




ရွှေအလင်္ကာတိုင်းပြည်

တိုင်းပြည်သည် ကြီးပွားချမ်းသာသည်နှင့်အညီအင်အားမကြီးပေ။လေယူရာယိမ်းပမာ အလိုက်အထိုက်ဆက်ဆံ၍ ရန်ကိုရန်ခြင်းမတုံ့ပြန်ဘဲ နေထိုင်လာခဲ့သည်မှာ ကြာခဲ့လေ၏။မင်းအဆက်ဆက်သည် တစ်ပါးတည်းအာဏာတည်ရန်လုပ်ဆောင်ကြိုးပမ်းခဲ့ပေမဲ့ အာဏာစက်သည် မင်းတစ်ပါး၌သာ မတည်နိုင်ခဲ့။တိုင်းပြည်၏ သူဌေးသူကြွယ်တို့လက်ထဲ၌သာ
အမိန့်တည်ခဲ့သည်မှာ ကြာညောင်းခဲ့ပြီဖြစ်သည်။၎င်းမှာ သူ၏ဖခမည်းတော်လက်ထက်အထိပင်။

သူ၏လက်ထပ်၌ ဘေးစွယ်ရန်အပေါင်း တိုက်တစ်သောင်း၏ ကျူးကျော်ဒဏ်ကို ကြားမြင်သိရှိခဲ့ပြီး တိုင်းပြည်၌ စစ်သည်အင်အားတိုးလာအောင် လုပ်ဆောင်ကြံရွယ်ခဲ့သည်။တစ်အိမ်တစ်ယောက် ယောကျာ်းသားတို့အား စစ်မှုမထမ်းမနေရစ‌နစ် ထုတ်ပြန်ခဲ့ပေမဲ့ သူကြွယ်တို့၏သားများတော့မပါခဲ့ပေ။၎င်းတို့သည် သေရည်ယစ်၍အပျော်ကြူးဖို့သာ စိတ်အားသန်သည်။
တိုင်းပြည်အတွက် ဆန်ကုန်မြေလေးဘဝ၌သာပျော်မွေ့ပြီး လှံမကိုင်ချင်ကြ ၊ ဓားမရွယ်ချင်ကြ။မြင်းစီးကာ တိုက်ပွဲထဲ ဝင့်ကြွားဖို့ စိတ်ကူးမရှိလေဘူး။သက်သောင့်သက်သာဖြင့် လောကီစည်းစိမ်အား မျှင်း၍သာ အရသာခံယူချင်သူများဖြစ်သည်။သူသည် သူကြွယ်တို့အား အစည်းအဝေးခေါ်၍သားကိုသော်လည်းကောင်း ၊ အစေအပါးကိုသော်လည်းကောင်း တိုင်းပြည်၏စစ်အင်အားထဲသို့ထည့်ကြရန် တိုက်တွန်းပေမဲ့ ကောင်းကျိုးကိုယ်၌သာတည်ချင်သော သူကြွယ်တို့သည် လက်ငင်းပင်ကန့်ကွက်ကြသည်။

သူတို့သည် မိမိအား မကျေမချမ်းဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။နန်းတက်ကတည်းကပင် တင်းကြပ်သော စည်းမျဉ်းထုတ်ခဲ့သည်။အခွန်ဥပဒေကောက်ယူခဲ့ပြီး ယခင်ကသူကြွယ်နှင့်အမတ်တို့ လက်ပါးအုပ်၍ စည်းနင်းထားသမျှကို ခြေဖျက်ကာ အညီအမျှဖြစ်အောင် လုပ်ဆောင်ခဲ့သည်။၎င်းမှာ အချက်အခြာကျသော ဆိပ်ကမ်းမြို့၌ပင် ၊ သူကြွယ်တို့သည် ငွေအင်အားရှိသည်ဖြစ်၍ အစေအပါးအများအပြားပိုင်ဆိုင်ပြီး
နိုင်ထက်စီးနင်းလုပ်လေ့ရှိသည်။ဆိပ်ကမ်းတွင် အဓိကနေရာများကိုလက်ဝါးကြီးအုပ်၍ ရေထွက်ပစ္စည်းများကို အခွန်မပေးဘဲ ရောင်းချတင်ပို့ချင်ကြသည်။သူသည် ထိုအကြောင်းကိုမသိသည်မဟုတ် ၊ သိသည်။သိပေမဲ့လည်း ဖယ်ရှားနိုင်ရန် သူ့တွင်အင်အားမလုံလောက်သေးပေ။ထို့ကြောင့် သာမန်လူတန်းစားများသည် ၎င်းတို့အောက်တွင် ပြားပြား
ဝပ်ကြရသည်။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now