အခန်း (၁၂)

209 12 0
                                    

ထိုစကားကြောင့် နယ်စားမင်းသည် မယ်ဈာန်၏ဘေးတွင် ငြိမ်သက်စွာထိုင်နေသော ကောင်လေးအားကြည့်လိုက်သည်။ကောင်ငယ်လေး၏ ပါးလျသောမျက်ခုံးတန်းတန်း ၊ စေ့ပိတ်ထားသောနှုတ်ခမ်းနှင့်ပါးဖောင်းဖောင်းကိုဖြင့် ခေါင်းငုံ့ထားသည်ဖြစ်ရာ ထင်ထင်ရှားရှားမြင်နေရ၏။အရွယ်မတိုင်‌သေးသည့်တိုင် ကော့စင်းနေသော နှာတံမှာဖြင့် ယောကျာ်းပျိုဖြစ်လာမည့်အချိန်၌ နှင်းဆီခိုင်ဖြစ်လာနိုင်သည်အား နိမိတ်ကြိုဖတ်ပေးထားသည့်ပုံနှယ်။သို့သော် သူ၏အမြင်ထဲတွင် မယ်ဈာန်၏သားလေးမှာ မယ်ဈာန်နှင့်မတူနေပါချေ။
မယ်ဈာန်၏ယောကျာ်းနှင့်များ တူသွားလေသလားဟူ၍ တွေးမိပြီး အကြည့်ကိုပြန်လွှဲလိုက်သည်။

သူသည် တူတော်ဖြစ်သော အိမ်ရှေ့စံကို ပြေးသတိရသွားသည်။အဖော်မင်သည့်ကလေးအတွက်တော့ အဖော်တစ်ဦးသည် ဆိုက်ရောက်လာချေပြီ။

" ဘယ်လိုအကြောင်းကြောင့်များလဲ မယ်ဈာန်ရဲ့"

မယ်ဈာန်သည် အင်္ကျီလက်ကို‌ဆွဲချ၍ ခေါင်းညိတ်သည်။သူသည် ကြုံလာသမျှကို ဖြစ်ကြောင်းကုန်စင်ရှင်းပြဖို့ရန်အတွက် ဦးစွာပထမ လည်ချောင်းကိုရှင်းသည်။ရေနွေးကြမ်းတစ်ခွက်အား ငှဲ့သောက်ပြီးမှသာလျှင် နယ်စားမင်းအား ရှင်းပြလေသည်။

" ကျွန်မဘဝအကြောင်း နယ်စားမင်းသိမှာပါပဲ။ထွေထွေထူးထူးတော့ ရှင်းပြဖို့လိုမယ်မထင်ဘူး။ဒါပေမဲ့ နယ်စားမင်းမသိရသေးတဲ့အကြောင်းအရာတချို့ရှိသေးတယ်။အကြောင်းအကျိုးဆိုတာ ဆက်စပ်နေတတ်တာပဲဆိုတော့ လက်ရှိကြုံနေရတဲ့ဘေးဒုက္ခဆိုတာ ငယ်စဉ်က ဘေးဒုက္ခပါပဲရှင်။အဲ့ဒါကြောင့် ကျွန်မ သာယာဝတီတိုင်းပြည်ကို ရှောင်ရှားရဦးမယ်။ကိုယ့်တစ်ဦးတည်းဆို လွယ်ကူပေမဲ့ သားလေးကိုတော့ ဒုက္ခတွေကြား ရင်မဆိုင်ခိုင်းချင်ဘူး။ဒါကြောင့် နယ်စားမင်းဆီအပ်ထားခဲ့ချင်လို့ပါ။ရှောင်ရှားရမဲ့အချိန်ကလည်း...အရင်တစ်ခါကလိုပဲ ဘဝသက်တမ်းတစ်ဝက်နီးပါးကြာနိုင်တာဆိုတော့ ယုံကြည်စိတ်ချရမဲ့လူရဲ့လက်ထဲပဲအပ်ထားခဲ့ချင်လို့ပါ"

နယ်စားမင်းစဝ်ဝဏ္ဏသည် မယ်ဈာန်အား ဂရုဏာသက်ဟန်ဖြင့်ကြည့်သည်။ပုရောဟိတ်ပုဏ္ဏားနှင့်ရှေ့ဖြစ်ဟောနတ်ဗေဒင်ပုဂ္ဂိုလ်တို့၏ဘဝသည် မင်းတစ်ပါးတက်တိုင်း ဘဝသည် အချိုးအကွေ့တစ်ခါဖြစ်၏။ကောင်းစားသွားနိုင်သလို အသက်လည်းဆုံးရှုံးရနိုင်သည်။တိုင်းပြည်ဧကရာဇ်နှင့်နီးကပ်စွာနေရသူမဟုတ်သည့်တိုင် ၎င်းတို့သည်
တစ်ခါလေမျှဆုံလေတိုင်း တစ်သက်တာအထိချမ်းသာခြင်းခံစားရနိုင်သလို အတိဒုက္ခကိုလည်း ကြုံတွေ့ရနိုင်၏။လိမ္မာပါးနပ်မှုသည်သာ ၎င်းတို့အတွက် ဘေးကင်းရာဖြစ်သည်။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now