Part - 3

352 26 0
                                    

သံစဥ်အကြောင်းတွေကိုသူမပိုသိချင်နေခဲ့တော့သည်။နဖူးပေါ်လက်တင်ပြီးအတင်းအိပ်ပျော်ဖို့ကြိုးစားခဲ့ပေမယ့်အိပ်မရခဲ့ပေ။သံစဥ်ရဲ့အကြောင်းတွေပိုသိဖို့စိတ်နှလုံးသားတနေရာကသူမကိုလှုပ်နိုးနေသည်။မတတ်နိုင်တဲ့အဆုံးကုတင်မှထသွားကာတူမလေးရှိရာအခန်းသို့သုတ်ခြေတင်သွားလိုက်သည်။တံခါးအသာလေးတွန်းဖွင့်ကြည့်တော့တူမလေးဖြစ်သူကဆိတ်ဆိတ်ငြိမ်ငြိမ်စာလုပ်နေသည်ကိုမနှောင့်ယှက်ချင်တော့သက်ပြင်းကြီးချပြီးအခန်းထဲပြန်သွားခဲ့သည်။သို့သော်စိတ်ကတော့သံစဥ်ကိုပဲအကြိမ်ကြိမ်အခါခါတနေမိတော့သည်။

မနက်အာရုဏ်တက်တော့ပုံမှန်လုပ်နေကျအရာပဲကျောင်းသွားကျောင်းပြန်ဒီလိုနဲ့ပဲအိမ်ဆွမ်းကပ်ဖို့အချိန်လေးရောက်လာခဲ့သည်။သံစဥ်အမေကိုတောင်းဆိုထားတဲ့အတိုင်းပဲသံစဥ်ကိုဒေါ်မိုးနွယ်နဲ့နိုးနိုးကိုယ်တိုင်သွားကြိုခဲ့ကြသည်။သံစဥ်ကလည်းနိုးနိုးဆင်ထားတဲ့အကွက်အတိုင်းပဲကျောင်းလွယ်အိတ်ကိုသာယူကာအတူလိုက်သွားသည်။

" နင့်အတွက်ဝတ်စုံလေးပြင်ထားပါတယ်နော်
သံစဥျ "

" ကျေးဇူးပါ နိုး "

တူမလေးဖြစ်သူနဲ့သံစဥ်တို့နှစ်ယောက်လွတ်လပ်ပျော်ရွှင်စွာစကားပြောဆိုစနောက်နေသည်ကိုသာငြိမ်ငြိမ်လေးကြည့်ပြီးကားသာမောင်းနေသည်။တချက်တချက်နောက်ကြည့်မှန်ကနေသံစဥ်ကိုအကြည့်တွေနဲ့အကဲခတ်နေသေးသည်။

" ကဲ ကလေးတို့အိမ်ရောက်ပြီ ဆင်းကြတော့ "

ကလေးပီသစွာပဲနှစ်ယောက်လုံးကားပေါ်ဆင်းကာအိမ်ထဲသို့ပေါ့ပါးတဲ့ခြေလှမ်းလေးတွေနဲ့တစ်ယောက်လက်တစ်ယောက်တွဲကာမြူးထူးကခုန်ရင်းဝင်သွားကြသည်။

" ဒီလိုမြူးတူးနေတဲ့ကလေးကအိမ်မှာမိဘဖြစ်သူတွေရဲ့အကြမ်းဖက်ခြင်းခံနေရတယ်ဆိုတာဖြစ်ရောဖြစ်နိုင်ရဲ့လား "

အိမ်ထဲဝင်သွားကြတဲ့ကလေးမနှစ်ယောက်အားကြည့်ပြီးဒေါ်မိုးနွယ်အတွေးတွေနဲ့သံသယမျက်နှာတွေနဲ့ကြည့်နေခဲ့သည်။

" သံစဥ် ရော့ နင့်အတွက်ဝတ်စုံ ငါ့ကိုယ်တိုင်းနဲ့ပဲချုပ်ထားတာဆိုတော့နင်နဲ့ကွက်တိတော့မဖြစ်လောက်ဘူး နင်ကငါ့ထက်ပိန်ပြီးအရပ်ကလည်းနဲနဲရှည်နေတာဆိုတော့ ချောင်ချိချောင်ချိတော့နဲနဲဖြစ်လိမ့်မယ် "

My Last Forever 🥀( Completed )Where stories live. Discover now