" ချယ် ချယ်ကမေမေပြီးရင်သံစဥ့်အတွက်အနွေးထွေးဆုံးနဲ့အလုံခြုံဆုံးရပ်ဝန်းလေးလိုဖြစ်တဲ့တစ်ဦးတည်းသောလူသားပါပဲ "
ဒေါ်မိုးနွယ်သည်သံစဥ်စကားပြောအပြီးမှာတော့သံစဥ်နဖူးလေးကိုကြင်နာစွာနမ်းရှိုက်လိုက်လေသည်။
" ဆေးကျောင်းကိုရန်ကုန်မှာပဲသွားတက်မယ်မဟုတ်လား သံစဥ် "
" အမှတ်မှီခဲ့ရင်တော့ရန်ကုန်ကိုပဲသွားမှာပါချယ် "
" ချယ်လည်းအရေးပေါ်အပြောင်းအရွှေ့တင်ထားတယ်ရန်ကုန်ကို ရန်ကုန်မှာတီချယ့်ကွန်ဒိုရှိတယ် ကျောင်းကိုလည်းတီချယ်ပဲအကြိုအပို့လုပ်ပေးမယ် တီချယ်နဲ့ပဲကွန်ဒိုမှာအတူတူနေချည် "
" ချယ် ဒီလိုတော့ မဖြစ်..."
" နိုးနိုးလည်းတီချယ်တို့နဲ့နေမှာ သမီးဘာမှစိတ်မပူပါနဲ့ သမီးကိုတီချယ်တစ်ယောက်တည်းခေါ်မထားပါဘူး "
" အဲ့လိုလည်းမဟုတ်ပါဘူး ချယ် "
" သမီးမေမေနဲ့တိုင်ပင်ဖို့နိုးနိုးကိုလွတ်လိုက်ပြီခုချိန်ပြောပြီးနေရောပေါ့ "
" ချယ် သမီးအတွက်နဲ့ပဲအရေးပေါ်အပြောင်းအရွှေ့တောင်တင်ရတာကို အဲ့လောက်ထိလည်းမလိုပါဘူး "
" ထားပါ တီချယ့်အတွက်ပေါ့ပေါ့ပါးပါးလေးပဲမို့လျှောက်တွေးမနေပါနဲ့ ဟုတ်ပြီလာ အောင်စာရင်းထွက်ဖို့နောက်တစ်လလောက်ပဲကျန်တော့တယ် ရင်ခုန်နေလား "
" ဟင့်အင်း ရင်ခုန်တယ်ဆိုတာ အမျိုးသမီးတစ်ယောက်ကလွှဲလို့ဘယ်သူကမှဘယ်အရာကမှဖြစ်မလာနိုင်ပါဘူး သံစဥ်အတွက် "
" ဒီလိုစကားတွေတတ်နေမှတော့တီချယ်မချစ်ပဲနေနိုင်ပါ့မလားဒီကလေးမကို "
" ချယ် ချယ်ကအရာအားလုံးပြည့်စုံနေရဲ့သားနဲ့ကိုဘာလို့ဝန်ထမ်းလုပ်တာလဲ "
" ဒီအလုပ်ကိုမြတ်နိုးလို့ စာသင်ရတဲ့အလုပ်လေးကိုတီချယ်အရမ်းသဘောကျတာငယ်ငယ်ကတည်းကဆရာမအရမ်းဖြစ်ချင်ခဲ့တာလေ ခုဆိုဆရာမလုပ်လာတာ 10 နှစ်ကျော်လောက်ရှိနေပြီ ပင်ပန်းတယ်ဆိုတာလည်းမရှိဖူးပါဘူး ကိုယ်သဘောကျရတဲ့အရာအတွက်တီချယ့်မှာပင်ပန်းတယ်ဆိုတာမရှိပါဘူး "
YOU ARE READING
My Last Forever 🥀( Completed )
Ficción Generalနှလုံးသားထဲမှာထာဝရသိမ်းထားမယ့်ဒုက္ခလှလှလေး🥀