" တီချယ်လေ အိမ်ထောင်သာမပြုချင်တာကလေးတော့သိပ်ရချင်တယ် "
" ဘယ်လိုကြီးလဲ ချယ် "
" ဟုတ်တယ် တီချယ်ကလေးတွေဆိုအရမ်းချစ်တတ်တာ အဲ့ကြောင့်မို့လည်းကျောင်းဆရာမတစ်ယောက်ဖြစ်လာတာပေါ့ မူလတန်းစစသင်တုန်းကကလေးတွေနဲ့နေရတာများသိပ်ပျော်ဖို့ကောင်းတာ "
" ခုရော "
" ခုက အဆတစ်ရာပိုသာပါတယ် "
" တကယ်လို့ချယ့်မှာကလေးတစ်ယောက်ရှိခဲ့မယ်ဆိုရင်ရော ဘာနာမည်လေးပေးမလဲ "
သံစဥ်မျက်နှာကိုတစ်ချက်စိုက်ကြည့်ပြီးပြုံးကာ...
" သက်တန့် သက်တန့်ရောင်စဥ် "
ပထမဆုံးညမှာအတူတူရှိခဲ့တဲ့အချိန်ကကော်ရစ်တာမှာနှစ်ယောက်သားကြယ်တွေငေးရင်းပြောခဲ့ကြတဲ့စကားလေးဒေါ်မိုးနွယ်ရဲ့နှလုံးသားကိုပါလှုပ်ခါသွားစေခဲ့ပြီးနားထဲမှာလည်းပဲ့တင်ထပ်သံတွေပိုတိုးနေခဲ့သည်။
" သမီး သက်တန့်ရောင်စဥ် "
သူမတို့နားလျှောက်လာခဲ့တဲ့ ကြက်သွေးရောင်ပါတိတ်ဝမ်းစက်ကလေးနဲ့
တည်ငြိမ်ရင့်ကျက်တဲ့အလှတရားတွေနဲ့ပြည့်စုံလှတဲ့မိန်းမငယ်တစ်ဦး..." ချယ် "
နှစ်ပေါင်း 29 ကြာပြီးပထမဆုံးပြန်လည်တွေ့ဆုံခြင်းမှာသံစဥ်သည်လှစ်ကနဲဝေ့တက်လာသောမျက်ရည် အေးစက်လာသောခြေဖျားလက်ဖျားလေးတွေ...
" သံစဥ် "
သံစဥ်ကိုကြည့်လိုက်တော့ဆေးရုံကပြန်လာဟန်နဲ့တူသည်။တစ်ဖက်ကကိုင်ထားတဲ့အိတ်ထဲမှာအရင်တစ်ခါကဒေါ်မိုးနွယ်ပေးထားတဲ့ Stetho.လေးကတစ်ပိုင်းတစ်စပေါ်နေသည်ကိုဒေါ်မိုးနွယ်မြင်သွားသည်။ဒေါ်မိုးနွယ်ရဲ့ဘယ်ဘက်ရင်ဘတ်ပေါ်မှာထိုးထားတဲ့ဒေါင်းပုံရွှေရင်ထိုးလေးကိုလည်းသံစဥ်သတိထားကြည့်မိသွားသည်။စံပယ်ရနံ့လေးလည်းမပြောင်းပဲရှိနေသေးသည်။
" ချယ် မတွေ့ရတာတောင် ကြာသွားပြီနော် "
ရှိသမျှအားတွေစုစည်းလျက်ဒေါ်မိုးနွယ်မျက်နှာလေးကိုငေးပြီးပြောလေသည်။
YOU ARE READING
My Last Forever 🥀( Completed )
General Fictionနှလုံးသားထဲမှာထာဝရသိမ်းထားမယ့်ဒုက္ခလှလှလေး🥀