သံစဥ်သည်ကားရပ်ရပ်ချင်းပဲအိမ်ထဲသို့သုတ်ခြေတင်ပြေးဝင်သွားခဲ့သည်။ဒေါ်မိုးနွယ်လည်းသံစဥ်နောက်ကနေအပြေးတပိုင်းလေးလိုက်သွားခဲ့သည်။
" မေမေ "
အိမ်ထဲရောက်သွားတော့အမေဖြစ်သူကိုနိုးနိုးကဆေးတွေထည့်ပေးနေတာမြင်ပြီးအမေဖြစ်သူဆီပြေးသွားလိုက်သည်။
" မေမေ့ကို ဟိုလူကြီးလာလုပ်သွားပြန်တာလား "
အမေဖြစ်သူမျက်နှာကိုအသာလေးကိုင်ကာကြည့်လျက်ငိုပြီးပြောတော့သည်။
" မေမေဘာမှကြီးကြီးမားမားမဖြစ်ပါဘူးသမီးလေးမငိုပါနဲ့ "
" မေမေအရမ်းနာလားဟင် "
" ဟင့်အင်း မနာပါဘူးကွယ် မငိုနဲ့တော့ "
ဒေါ်မိုးနွယ်သည်သံစဥ်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေကာမျက်ရည်ပင်အလိုလိုလိုက်ကာကျလာတော့သည်။
" မေမေဘာမှမဖြစ်ပါဘူး "
" မကြီးဆေးခန်းဖြစ်ဖြစ်သွားပြလိုက်မှာလားမျက်နှာအရမ်းမယောင်လာခင် "
" ရပါတယ် တီချယ် ဘာမှကြီးကြီးမားမားရယ်မဟုတ်ပါဘူးအဆင်ပြေပါတယ် "
" အန်တီ တကယ်အဆင်ပြေရဲ့လား "
" ပြေပါတယ်ကွယ် ဟောဒီဆရာဝန်မလောင်းလေးကတစ်ချက်ကုပေးလိုက်တာအကုန်သက်သာနေပါပြီ "
" နာနေတဲ့ကြားထဲကို ro နိုင်သေးတယ် "
သံစဥ်သည်မျက်ရည်တွေသုတ်လျက်ကာအမေဖြစ်သူကိုခပ်ယဲ့ယဲ့လေးပြုံးပြီးပြောလေသည်။
" မေမေဘာမှမဖြစ်ဘူးဆိုတာကိုပြတာလေ "
" ဟွင့် "
" ကဲပါ မေမေတို့ညစာအတူတူချက်ပြီးစားကြမလား "
" အန်တီနားနေလိုက်ပါ နိုးတို့ကြည့်လုပ်ပါ့မယ် "
" ဟုတ်ပါတယ် ကျွန်မနဲ့ကလေးနှစ်ယောက်ပဲလုပ်လိုက်ပါ့မယ် မကြီးနားနေလိုက်ပါ "
" ဟုတ်ပါတယ်မေမေရဲ့ "
" မဟုတ်တာကွယ် မေမေက "
" အန်တီ "
နိုးနိုးကလေသံခပ်ပြတ်ပြတ်လေးနဲ့ပြောကာမှဒေါ်ကြူသင်းတစ်ယောက်ချက်ချင်းငြိမ်ကျသွားပြီးအေးဆေးသာထိုင်နားနေလိုက်သည်။
ဒေါ်မိုးနွယ်ကကြည့်ပြီးသဘောကျနေခဲ့သည်။
YOU ARE READING
My Last Forever 🥀( Completed )
Narrativa generaleနှလုံးသားထဲမှာထာဝရသိမ်းထားမယ့်ဒုက္ခလှလှလေး🥀