Next Week...
" ချယ် "
မနက်စာလုပ်နေတဲ့ဒေါ်မိုးနွယ်နားကို Luggage လေးနဲ့ရောက်လာသောသံစဥ်ကိုခနကြောင်ကြည့်ကာ...
" ဒါကဘယ်လဲ ကလေးမ "
" သံစဥ်အိမ်ခနပြန်မလို့ပါ ချယ် "
" ရုတ်တရက်ကြီးပါလား တီချယ့်ကိုလည်းဘာမှမပြောဘူး "
" မေမေကမနေ့ညကမှဖုန်းဆက်ခဲ့လို့ပါ ချယ် အဲ့ကြောင့်မို့မပြောလိုက်ရတာပါ "
" ရပါတယ် ချယ်လိုက်ပို့မယ်လေ ခနလေးစောင့် "
ခါးစည်းကိုဖြုတ်ပြီးစားပွဲပေါ်တင်ထွက်သွားမယ်အလုပ်မှာသံစဥ်ကလက်ဆွဲထားလိုက်ပြီး
" ချယ် သမီးကားပြောထားပြီးပါပြီ ကားကအောက်မှာတောင်ရောက်နေပါပြီ "
" ဘယ်လိုတွေလဲ သမီး တီချယ့်ကိုကျပြောဖို့အချိန်တောင်မရဘူး ကားကျတော့ auto ပြောပြီးတာလား "
သံစဥ်လက်ကိုဖယ်လိုက်ကာအသံကစိတ်ဆိုးဟန်နဲ့ပြောလိုက်လေသည်။
" ချယ့်မှာ ကျောင်းသွားရဦးမှာဆိုတော့ "
" အဲ့ဆင်ခြေတွေရပ်လိုက်စမ်းပါ သမီးနဲ့ချယ်နဲ့ကသူစိမ်းတွေမို့လာ "
ဒီတစ်ခါတော့အော်ပါအော်လိုက်သည်။
" ချယ် နောက်ဆုံးရက်လေးမှာသမီးကိုစကားကောင်းကောင်းလေးပဲပြောပေးပါလားဟင် "
သံစဥ်သည်စိတ်ထဲမှတီးတိုးဆိုရင်းမျက်အိမ်ထဲမှာလည်းမျက်ရည်တွေဝဲတက်ခဲ့ပြီးဘယ်လိုမှမထိန်းနိုင်တော့ပဲပါးပေါ်သို့မျက်ရည်မိုးတွေရွာဆင်းခဲ့တော့သည်။
" သမီး "
ထိုအခါမှဒေါ်မိုးနွယ်သည်စိတ်နဲ့ကိုယ်ပြန်ကပ်ကာသံစဥ့်ကိုအမြန်ပွေ့ဖက်ထားလိုက်ပြီး
" ချယ် ချယ် တောင်းပန်ပါတယ် ကလေးရယ် ချယ်သမီးကိုအော်မိတယ် "
အတူတူနေလာခဲ့တဲ့ 3 နှစ် 3 မိုးလုံးမှာဒေါ်မိုးနွယ်ကသံစဥ့်ကိုပထမဆုံးအော်ဖူးတာပါပဲ။
" လန့်သွားတာလား ချယ် တောင်းပန်ပါတယ် ချယ်မရည်ရွယ်ခဲ့ပါဘူး "
YOU ARE READING
My Last Forever 🥀( Completed )
General Fictionနှလုံးသားထဲမှာထာဝရသိမ်းထားမယ့်ဒုက္ခလှလှလေး🥀