" ကဲထပြီးမျက်နှာသစ်ရေမိုးချိုးမနက်စာစားပြီးရင်အပြင်လျှောက်လည်ကြမယ် "
ဒေါ်မိုးနွယ်သည်ပြောပြောဆိုဆိုနဲ့သံစဥ်ကိုယ်သေးသေးလေးကိုကောက်ချီကာရေချိုးခန်းထဲပို့ပေးလေသည်။
" အာ ချယ် "
" ကဲ ရေချိုးတော့ "
" ချယ်ရှိနေတာကို သမီးကဘယ်လိုလုပ်ပြီးချိုးမှာလဲ "
" ချိုးပါချောင်းမကြည့်ပါဘူး "
" အာ ချယ်ကလည်းခနထွက်ပေးပါ ရေချိုးတာမကြာပါဘူး "
ဒေါ်မိုးနွယ်ကိုယ်ကိုအသာလေးတွန်းလျက်အခန်းအပြင်သို့ပို့လေသည်။
" ကလေးကများရှက်နေတယ်လို့ "
ဒေါ်မိုးနွယ်လည်းသံစဥ်ရေချိုးတာစောင့်နေကာအခန်းထဲလိုက်ပတ်ကြည့်နေသည်။စာအုပ်စင်တနေရာရောက်တော့ Sticker လေးနဲ့ဘေးနားမှာပါစာရွက်လေးတစ်ရွက်လေးရယ်စာရွက်လေးပေါ်က " My Beloved Teacher - 모 ဆိုပြီးရေးထားသေးသည်။
သိချင်တာနဲ့အဲ့နေရာမှာထားထားတဲ့အရာလေးတွေလိုက်ကြည့်မိသည်။ဒေါ်မိုးနွယ်ကိုစစတွေ့ခဲ့တဲ့ရက်စွဲလေးဘယ်နေ့မှာသူမနဲ့ဘယ်လိုတွေပျော်ခဲ့ရကြောင်းသူမဆီကဘယ်လိုမျိုးတွေအလုပ်ခံရကြောင်းစကားပြောခံရကြောင်းတွေ sticker လေးတွေတချို့နဲ့လုပ်ထားသည်။ဒေါ်မိုးနွယ်တစ်ယောက်ပျော်လို့မဆုံးပင်တစ်ခုချင်းစီကြည့်ပြီးကျေနပ်စွာပြုံးနေခဲ့တော့သည်။" ချယ် "
ထိုချိန်သံစဥ်သည်ရေချိုးခန်းထဲကထွက်ခဲ့ပြီးဒေါ်မိုးနွယ်သူမစာအုပ်စင်နားရောက်နေတာမြင်တော့အပြေးလေးလာကာစာအုပ်စင်ကိုလက်နှစ်ဖက်နဲ့ကိုယ်နဲ့ပိတ်ရပ်ထားလိုက်သည်။
" ချယ် ဘာတွေကြည့်နေတာလဲ "
" ချယ့်အကြောင်းတွေပြန်ကြည့်နေတာလေ "
" ချယ် တကယ်ပါပဲ "
" သံစဥ် "
ဒေါ်မိုးနွယ်ရဲ့လက်တွေသည်သံစဥ်ရဲ့လည်ပင်းပေါ်ရောက်လာခဲ့ပြီးတဖြည်းဖြည်းနဲ့ပါးပေါ်သို့လှမ်းခဲ့သည်။မျက်လုံးအစုံမှာလည်းသံစဥ်ကိုဆူးရှတဲ့အကြည့်တွေနဲ့ဖမ်းယူဆွဲဆောင်နေခဲ့သည်။သံစဥ်မှာရှက်စိတ်ရောကြောက်စိတ်ရောလုံးထွေးနေခဲ့ကာမျက်လုံးလေးတလှပ်လှပ်နဲ့နေတော့သည်။ဘယ်ဘက်ရင်အုံ၌လည်းနှလုံးခုန်သံတွေမြန်နေခဲ့တာအင်ကျီစလေးတွေတောင်လှုပ်နေတာသိသာနေတော့သည်။
YOU ARE READING
My Last Forever 🥀( Completed )
General Fictionနှလုံးသားထဲမှာထာဝရသိမ်းထားမယ့်ဒုက္ခလှလှလေး🥀