လွန်ခဲ့သောရက်ပိုင်းက...
mask ရော ဦးထုတ်ရောတကိုယ်လုံးရုပ်ဖျက်ထားသယောင်ထင်ရတဲ့အမျိုးသမီးတစ်ယောက်ဆေးရုံထဲကနေအလျင်အမြန်ထွက်လာတာနိုးနိုးနဲ့လမ်းခုလတ်မှာတိုက်မိပြီးလက်ထဲကကိုင်လာတဲ့စာရွက်တွေတချို့မြေပြင်မှာလွင့်ကြဲသွားတော့သည်။
" တောင်းပန်ပါတယ်ရှင့် သမီးကောက်ပေးလိုက်ပါ့မယ် "
မြေပြင်ပေါ်ပျံ့ကြဲသွားတဲ့စာရွက်တွေတချို့ပေါ်မှာ caner ဆိုတဲ့စကားလုံးတွေကိုတော့ထင်းနေအောင်တွေ့မြင်နေရသည်။
" တောင်းပန်ပါတယ်နော် သမီးသတိမထားမိလို့ပါ တောင်းပန်ပါတယ် "
" ရ ရပါတယ် "
နိုးနိုးလက်ထဲကစာရွက်တွေကိုဆွဲယူလိုက်ကာလှည့်ထွက်တော့မယ့်ချိန်မှာ ...
" ဒီအသံကိုငါရင်းနှီးနေသလိုပဲ "
လှည့်ထွက်တော့မယ့်ဆဲဆဲ ထိုအမျိုးသမီးလက်ကိုနိုးနိုးလှမ်းဆွဲထားလိုက်ကာ
" အန်တီကြူသင်း အန်တီကြူသင်းမလားဟင် နိုးအန်တီ့အသံကိုမှတ်မိတယ် "
" လွတ်ပါ မဟုတ်ပါဘူး "
" အန်တီ့ကိုနိုးသေချာမှတ်မိပါတယ် "
တပ်ထားတဲ့ mask ကိုနိုးနိုးဆွဲဖြုတ်လိုက်သည်။
" ကလေးမ ဘာလုပ်တာလဲ "
" တကယ် အန်တီပဲ "
လက်ထဲကစာရွက်တွေကိုလည်းအတင်းဆွဲယူလိုက်ကာကြည့်လေသည်။ဘာတစ်ခုမှနားမလည်ပေမယ့် ရက်ချိန်းရက်ဆွဲတွေ caner ဆိုတဲ့စာလုံးလေးတွေကိုတော့အသေအချာသိနေသည်။
" အန်တီ ဒါဘာတွေလဲဟင် နိုးတို့စကားပြောမှရတော့မယ် "
ဒေါ်ကြူသင်းလက်ကိုဆွဲကာအနီးရှိ Cafe ဆိုင်တစ်ခုထဲသို့ခေါ်သွားလေသည်။
" ဒီအရာကြောင့်သံစဥ်အပေါ်ကိုမကောင်းတာတွေလုပ်နေတာလား အန်တီ "
နိုးနိုးပြောတာကိုဘာမှမကြားသလိုပဲဒေါ်ကြူသင်းတစ်ယောက်ငြိမ်လျက်သာထိုင်နေသည်။
" အန်တီ အန်တီလုပ်ပုံလုပ်နည်းတွေကမှားနေတယ်ဆိုတာသိရဲ့လား အန်တီ့အချိန်တွေမကျန်တော့လေသံစဥ့်အပေါ်ကိုကောင်းပေးနိုင်သလောက်ကောင်းပေးနေရမှာမဟုတ်လားအန်တီ "
YOU ARE READING
My Last Forever 🥀( Completed )
General Fictionနှလုံးသားထဲမှာထာဝရသိမ်းထားမယ့်ဒုက္ခလှလှလေး🥀