" ကလေးကိုလူတွေအမြင်ရိုင်းကုန်ကြတော့မှာပဲ "
" ဘယ်သူတွေဘယ်လိုမြင်မြင်ပေါ့ကျွန်မချစ်နေရင်ရပြီကို "
" ချယ် ရှက်လာပြီနော် "
" စတာပါရှင် ကဲ စား ပြီးရင်အပြင်လျှောက်သွားကြမယ် "
သံစဥ်ရဲ့ပါးဖောင်းဖောင်းလေးကိုအသာအယာလေးညစ်လျက်ဆိုလေသည်။
ခနကြာတော့နှစ်ယောက်သားမနက်စာစားပြီးအပြင်ထွက်ဖို့ပြင်ကြလေသည်။" ချယ် "
" ရှင် "
" သမီးတို့ဘယ်သွားကြမို့လဲဟင် "
" ကန်ဘောင်ခေါ်သွားမယ် အဲ့မှာအေးဆေးထိုင်ပြီးစကားပြောကြမယ်လေ မုန့်လည်းဝယ်သွားမယ် "
" ချယ့် စကားကပြောလို့မကုန်သေးဘူးပေါ့ "
" ဟင့်အင်း ဒီကလေးမနဲ့ဆိုတီချယ့်စကားတွေဘယ်တော့မှမကုန်တတ်ဘူး ကလေးမမျက်နှာကိုငေးပြီးတနေကုန်ထိုင်ပြောနေချင်တာ "
" အာညောင်းကုန်မှာပေါ့ "
" ဟင့်အင်း ကလေးမနဲ့ဆိုမညောင်းတတ်ဘူးအာလည်း "
" ချယ် တော်တော်ပိုနေပါပြီ "
" ပိုတယ်တဲ့လား ချယ်ကတော့မထင်ပါဘူး "
" ဟုတ်ပါပြီရှင် ထွက်လို့ရပါပြီ "
ဒေါ်မိုးနွယ်မှာပျော်ရွှင်ပြီးတက်ကြွနေခဲ့ပေမယ့်သံစဥ်တစ်ယောက်မှာတော့ဒေါ်မိုးနွယ်ကိုမသိမသာငေးရင်းစိတ်မကောင်းဖြစ်မိသည်။သူမဘဝထဲအစကတည်းမဝင်သွားဖို့ဆုံးဖြတ်ထားတဲ့ကလေးမတစ်ယောက်ကိုကမ်းမမြင်လမ်းမမြင်လေအောင်သိပ်ချစ်နေတာကိုသံစဥ်တစ်ယောက်ဝမ်းနည်းနေရသည်။တချိန်ချိန်မှာသူမသိပ်ချစ်တယ်ဆိုတဲ့ကလေးမကသူမကိုသေလောက်တဲ့နာကျင်မှုတွေပေးသွားတော့မယ်ဆိုတာသူမစိုးစဥ်းမျှတောင်မရိပ်မိရှာပါဘူး။
" သမီး "
" ဟုတ် ချယ် "
" သမီးနဲ့ဒီလိုနှစ်ယောက်တည်းအတူတူရှိနေရတာတီချယ်သိပ်ပျော်တာပဲသိလား ကလေးမရော ပျော်ရဲ့လား "
" ပျော် ပျော်ပါတယ် ချယ် "
" ဟွင့် ဖြေတာကလည်းအားမပါလိုက်တာ "
YOU ARE READING
My Last Forever 🥀( Completed )
General Fictionနှလုံးသားထဲမှာထာဝရသိမ်းထားမယ့်ဒုက္ခလှလှလေး🥀