Part - 23

292 20 2
                                    

" သမီးငယ် "

" မေမေ ပြီးသွားပြီလား ခနလေးနော်သမီးလည်းပြီးတော့မှာပါ "

dressing table ရှေ့ထိုင်ကာမှန်ထဲကနေသူမအမေကိုကြည့်ရင်းနဲ့ပြောလေသည်။

" သမီး သမီးတကယ်ဆုံးဖြတ်လိုက်ပြီးပြီလား "

" မေမေ သမီးအရွယ်ရောက်နေပါပြီ "

မိခင်ဖြစ်သူသည်သက်ပြင်းတစ်ချက်ချကာဘာမှမပြောတော့ဘဲငြိမ်နေလိုက်သည်။

" ပြီးပါပြီ သွားကြရအောင် မေမေ "

Dressing table ကနေထလိုက်ကာကုတင်ပေါ်တင်ထားတဲ့အိတ်ကိုယူပြီးအမေဖြစ်သူလက်မောင်းကိုဆွဲချိတ်ရင်းနဲ့ဆိုလေသည်။

" ရောက်လာကြပြီလား ခွန်းရေ သား ဒီမှာသမီးသံစဥ်တို့ရောက်လာပြီ "

ခွန်းသဆိုသောသူရဲ့မိခင်ဖြစ်သူကခရီးဦးကြိုရင်းနဲ့ဆိုလေသည်။

" ညီမလေး "

" ထိုင်ကြပါ ထိုင်ကြပါ "

" မေမေ "

သံစဥ်သည်သူမဘေးမှာငြိမ်ထိုင်နေတဲ့မိခင်ဖြစ်သူလက်ကိုအသာလေးတို့ကာ...

" အော် ဟုတ်ကဲ့ သမီးလေးက 18 နှစ်ပြည့်သွားခဲ့ပါပြီ လိုရင်းပြောရရင်ဒီညက "

" ဟုတ်ပါတယ် ဒီဖက်ကလည်းအဲ့အကြောင်းကိုပဲပြောဖို့စောင့်နေတာပါ "

" ဟုတ်ကဲ့ပါ "

" သားနဲ့သမီးလေးတို့ရဲ့သဘောထားကရော "

" သားကတော့အဆင်ပြေပါတယ် ဒါမယ့် "

" သံစဥ်လည်း အဆင် အဆင်ပြေပါတယ်ရှင့် စေ့စပ်ပွဲကိုအမြန်လုပ်ဖို့မျှော်လင့်နေတာပါ မေမေနဲ့သမီးနှစ်ကိုယ်တည်းမို့အားကိုးရာလူသားယောကျာ်းကောင်းတစ်ယောက်လိုအပ်တယ်လို့ထင်မိလို့ပါ "

" ဒါပေါ့ သမီးမှန်တယ် အန်တီသိပ်ထောက်ခံပါတယ် "

" ဒါဆိုစေ့စပ်ပွဲကိုအမြန်စီစဥ်ကြတာပေါ့ဗျာ ခုလိုနှစ်ဦးနှစ်ဖက်လုံးပွင့်လင်းတာကိုကျွန်တော်လည်းသဘောကျတယ်ဗျာ သံစဥ်ကိုကျွန်တော့်ရဲ့တရားဝင်ဇနီးမကလို့ညီမလေးအရင်းတစ်ယောက်လိုပါစောင့်ရှောက်ပေးမှာမို့အန်တီစိတ်ချဖို့ကျွန်တော်ပြောချင်ပါတယ် "

My Last Forever 🥀( Completed )Where stories live. Discover now