" သံစဥ် တီချယ်တို့မနက်စာအရင်စားကြမလားပြီးမှဝယ်ကြတာပေါ့ "
" ဟုတ် တီချယ် "
Coffee ဆိုင်တစ်ခုထဲသို့ဝင်ကာမနက်စာစားကြသည်။
" သံစဥ် ခုတလောအဆင်ပြေရဲ့လား "
" ဟုတ် ပြေပါတယ် ချယ်ရဲ့နိုးနိုးကြောင့်မေမေ့ကိုပြန်ရလိုက်ပါပြီ "
" နိုးကြောင့် "
" ဟုတ်တယ် ချယ် "
" နိုးကဘယ်လိုလုပ်ပြီး "
" အာ ချယ်ဒီအကြောင်းကိုမသိသေးဘူးပဲနိုးနဲ့မေမေတို့ကတွေ့နေကြတာလေ "
" အဟွင့် အဟွင့် ဘယ် ဘယ်လို "
ဒေါ်မိုးနွယ်သည်ကော်ဖီသောက်ရင်းနဲ့တီးသွားသည်။
" ဟုတ်ပါတယ် ချယ်ရဲ့ "
" အာ စာလုပ်ရင်တချိန်လုံးကြည့်နေတဲ့ဓာတ်ပုံကသမီးမေမေပုံဖြစ်နေတာကိုး "
" အချစ်ကထူးဆန်းတယ် လူကိူသေစေနိုင်သလိုလူကိုကယ်တင်လိုက်နိုင်တာလည်းလုပ်နိုင်တယ် "
" ဟုတ်တာပေါ့ အချစ်ကသိပ်ထူးဆန်းတာ သမီးရော ချစ်ရသူတွေ့နေပြီလား "
ဒေါ်မိုးနွယ်ရဲ့အမေးကိုချက်ချင်းမဖြေဘဲကော်ဖီဆိုင်ရဲ့မှန်ပြတင်းကနေတဆင့်အပြင်သို့ငေးပြီး ...
" ချယ်ရော တီချယ့်မှာရော တီချယ်နဲ့ထိုလူကြီးနဲ့ကသိပ်လိုက်ဖက်တာပဲ "
သံစဥ်ရဲ့စကားကြောင့်ဒေါ်မိုးနွယ်ရင်တစ်ခုလုံးဓားတွေအခါခါထိုးနက်နေသလိုခံစားသွားခဲ့ရသည်။
" သံစဥ် သမီးထင်သလိုမဟုတ်ပါဘူး ကိုမောင်ရွှေနဲ့တီချယ်နဲ့ကမိတ်ဆွေထက်ပိုပြီးဘာမှမပတ်သက်ပါဘူး တီချယ့်ရင်ထဲမှာတစ်စုံတစ်ယောက်ရှိနှင့်နေပြီးသားပါ ဟုတ်တယ်တီချယ်အဲ့ဒီတစ်စုံတစ်ယောက်ကိုစောင့်နေတယ် "
" စောင့်ရတဲ့အလုပ်ကသိပ်ပင်ပန်းတယ်ဆိုတာချယ်သိတယ်မဟုတ်လားဟင် "
" ပင်ပန်းလည်းတီချယ်မမှုပါဘူး ဒီတိုင်းစောင့်နေမှာမို့ ဒီတိုင်းပဲ "
သံစဥ်သည်အပြင်သို့သာငေးပြီးနေခဲ့သည်။တိတ်ဆိတ်သွားခဲ့တဲ့ရပ်ဝန်းထဲမှာဒေါ်မိုးနွယ်ကပင်စကားပြန်စခဲ့သည်။
YOU ARE READING
My Last Forever 🥀( Completed )
Fiksi Umumနှလုံးသားထဲမှာထာဝရသိမ်းထားမယ့်ဒုက္ခလှလှလေး🥀