Unicode
ခေါင်းလျှော်ထားတာကြောင့် ဆံနွယ်ရှည်တို့ဟာ စိုဆွတ်နေလေသည်။ Dryer ရဲ့ အကူအညီဖြင့် ဆံနွယ်ရှည်တို့ကို ခြောက်သွားအောင် အချိန်ယူပြီး လုပ်ရသည်မှာလည်း မိုး ရဲ့ အမုန်းဆုံးတွေထဲက တစ်ချက်ပင်ဖြစ်သည်။ ခါးအထိရှည်နေသော ဆံနွယ်တို့ ခြောက်သွေ့သွားပြန်တော့လည်း ခေါင်းလိမ်းဆီ လိမ်းပြီး ဖီးသင်ရပြန်သည်။ ထို့နောက် အသင့်ပြင်ပေးထားသော အနီရောင် ကိုယ်ကျပ် ဝတ်စုံရှည်ကိုဝတ်ဆင်လိုက်သည်။ ရင်ဟိုက်ဖြစ်နေရုံသာမက ညာဘက်ပေါင်ရင်းထိပါ ဝတ်စုံက ကွဲနေတာကြောင့် မိုးအတွက် သက်တောင့်သက်သာတော့ မဖြစ်လှပေ။
ဝတ်စုံဝတ်ပြီးတာနဲ့ ရေမွှေးကိုဆွတ်လိုက်သည်။ရေမွှေးနံ့ကိုရသည်နှင့် မိုး ရဲ့ မျက်မှောင်တို့ဟာလည်း အလိုအလျှောက် ကျုံ့ပြီးသားပါပဲ။ ဒီ ရေမွှေးအနံ့ကို မိုး မကြိုက်ပေ။ စာချုပ်စာတမ်းအရ ခင်ပွန်းတော်ထားရသော သူက ဒီရေမွှေးကိုသာ ဆွတ်ပါလို့ ပြောထားတာကြောင့် မိုးမှာ မကြိုက်သော်လည်း တစ်နေ့ကို သုံးကြိမ်လောက်ဆွတ်နေရသည်။
ကိုယ်လုံးပေါ်မှန်ထဲမှ ကိုယ့်ကိုကိုယ်ကြည့်ပြီး အသက်မပါတဲ့ အပြုံးကိုပန်ဆင်လိုက်သည်။
"မိုးမဟာ....ဒီနေ့ညကိုလည်း အကောင်းဆုံးကျော်ဖြတ်လိုက်ရအောင်"
မှန်ထဲက ကိုယ့်ပုံရိပ်ကို ကြည့်ပြီး အားပေးကာ အခန်းထဲမှ ထွက်လာလိုက်သည်။အောက်ထပ်ကိုတောင်မရောက်သေး၊ လှေကားပေါ်က ဆင်းရင်းနဲ့တောင် ဧည့်ခန်းထဲက ရင်းနှီးနေသော ကျောပြင်ကို မြင်သော အောက်နှုတ်ခမ်းကို မသိမသာ ကိုက်လိုက်မိသည်။
"ပြီးပြီလား မိုးမဟာ"
မိုးရဲ့ နားစည်ထဲသို့ ပင့်ရိုက်လာတဲ့ တည်ငြိမ်သော အသံပိုင်ရှင်ဟာ မိုးရဲ့ ခင်ပွန်းဖြစ်သူ ဈာန်းမင်းခ ဖြစ်သည်။
မိုးနဲ့ အကြည့်ချင်းဆုံမိတော့ သူက မျက်မှောင်ကျုံ့လိုက်ပြီး စိတ်မရှည်တဲ့ မျက်နှာထားမှာ အထင်းသား ဖြစ်တည်လာလေသည်။
"ဆံပင်ကို ဘာလို့ ချည်ထားရတာလဲ။ အခု ဖြည်ချလိုက်"
လူကိုတွေ့တာနဲ့ သူ လိုချင်တဲ့ ပုံစံအတိုင်း ပြုပြင်ခိုင်းသည်မှာ ဦးရဲ့ အကျင့်တွေထဲက တစ်ခုအလားပါပဲ။ ဦးအနားရောက်တော့ သူက စိတ်မရှည်စွာဖြင့် စည်းနှောင်ထားတဲ့ မိုးရဲ့ ဆံပင်တွေကို သူကိုယ်တိုင်ဖြည်ချလိုက်သည်။
YOU ARE READING
Love that starts with divorce
Romanceနှစ်ဦးနှစ်ဖက်လုံးရဲ့ ခံစားချက်မပါတဲ့ လက်ထပ်ပွဲတစ်ခု....။ မသာယာတဲ့ အိမ်ထောင်ရေး....။ ဖောက်ပြန်မှုတစ်ခုတောင် ပါချင်ပါနေပါလိမ့်မည်။ နှစ်ဦးသဘောတူ ကွာရှင်းစာချုပ်မှ အချစ်သက်သေတစ်ခုသို့ ကူးပြောင်းသွားခဲ့တဲ့အခါ.....