အပိုင်း(၃)

13.8K 374 18
                                    

Unicode

သူ့ကိစ္စပြီးသွားတဲ့ ဦးကတော့ ရေချိုးခန်းထဲကို ဝင်သွားလေသည်။ ဘယ်လောက်တားတား ၊ဘယ်လောက်ပဲ အော်အော် ၊ဘယ်လောက်ပဲ တောင်းပန်နေပါစေ ၊ဦးကတော့ မိုးကို အလျှော့မပေးခဲ့ပါ။ ခြောက်သွေ့စပြုနေပြီဖြစ်တဲ့ နားထင်နှစ်ဖက်လုံးပေါ်က မျက်ရည်စီးကြောင်းတွေကို သုတ်ပစ်လိုက်ပြီး အားတင်းကာ ကုတင်ပေါ်က ထလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အဝတ်တို့ကို ကောက်ကာ အဝတ်ခြင်းထဲသို့ ထည့်လိုက်သည်။ နာကျင်နေပေမယ့် မတတ်နိုင်။ ကြိုးစားပြီး လမ်းလျှောက်ရပေဦးမည်။

အတွင်းပေါင်ကြောတစ်လျှောက် စီးကျလာသော အရာတွေကြောင့် အရင်ဆုံးသန့်ရှင်းရပေဦးမည်။ ရေချိုးခန်းထဲမှာလည်း ဦးရှိနေတာကြောင့် ဝင်သွားလို့မရ။ မတတ်နိုင်တဲ့အဆုံး အဝတ်အစားကင်းမဲ့နေသော ခန္ဓာကိုယ်ကို ဖုံးကွယ်စေလိုခြင်းကြောင့် အဝတ်ခြင်းထဲ ထည့်ခဲ့သော စောစောက အဝတ်အစားတို့ကိုသာ ပြန်လည်ဝတ်ဆင်ထားလိုက်သည်။ ဆံပင်တို့ဟာလည်း ဟိုတစ်စ ဒီတစ်စနှင့် ရှုပ်ပွလို့နေတာကြောင့်ဆံပင်တို့ကို လက်နဲ့သာ အနည်းငယ်ရှင်းလိုက်သည်။

ဦးထွက်လာမှာကို စောင့်ရင်းနဲ့ပဲ အိပ်ရာကို အနည်းငယ် ပြင်လိုက်ကာ ၊အိပ်ရာခင်းလဲရန်အတွက် အခန်းထဲက ထွက်လာလိုက်သည်။ဒီအချိန်အိမ်ထဲမှာ ဘယ်သူမှရှိမနေလောက်ဘူးမို့ ဒီပုံစံအတိုင်းနဲ့ပဲ အိပ်ရာခင်းအသစ်ကို ယူရန်ထွက်လာတာမို့ လမ်းကို မြန်မြန်လျှောက်နေရသည်။ တခြားသူ မြင်သွားမှာကို ရှက်သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာမို့ ကိုယ့်ပုံကိုယ်တောင် ကြည့်ချင်တာ မဟုတ်ပေ။

အိပ်ရာခင်းတို့ကိုယူပြီး အခန်းထဲကို ဝင်လာတော့ ဦးက အဝတ်အစားဝတ်နေလေသည်။ မိုးတို့ နှစ်ယောက်လုံးရဲ့ အဝတ်အစားတွေထားတဲ့အခန်းမှာ အဝတ်လဲခန်းပါတွဲလျက်ပါပြီးသားဆိုပေမယ့် ဦးကတော့ အမြဲတမ်း အိပ်ခန်းထဲမှာပဲ အဝတ်ကိုလဲသည်။

မိုးဝင်လာတော့ ဦးက အကြည့်တစ်ချက်သာ စွန့်ကျဲလိုက်ပြီး အင်္ကျီကို ဝတ်လိုက်ကာ ဝရံတာဘက်ကို ထွက်သွားသည်။ မိုးနဲ့ ဦး ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ လက်ထပ်ပြီးကတည်းက အခုထိ အိပ်ရာကို ခွဲမအိပ်ဖူးပါ။ ဦးက မနက်ဆိုလည်း မနက်စာစားပြီး သူ့ရုံးချိန်အတိုင်း သွားကာ အိမ်ကိုလည်း ညစာစားချိနိအမှီပြန်လာတတ်ပြီး မိုးတို့ အခန်းမှာပဲ အိပ်သည်။ မသာယာတဲ့ အိမ်ထောင်ရေးဆိုပေမယ့် ဦးက ဘယ်တော့မှ မိုးကိုထားခဲ့ခြင်းမရှိပါ။ ဦးအလုပ်နဲ့ဆိုင်တဲ့ ပွဲတွေဆိုရင်လည်း မိုးကိုခေါ်သွားလေ့ရှိပါတယ်။

Love that starts with divorceOù les histoires vivent. Découvrez maintenant