Unicode
"မိုး....ဒါလေး ဝတ်ရမယ်"
ယုဇန ပေးသော ရွှေရောင်ဂါဝန်အတိုလေးကို မိုးလှမ်းယူကာ အဝတ်တန်းမှာ ချိတ်ကာ ဒီနေ့ည တီးခတ်ရမယ့် သံစဉ်တို့ကို တိတ်တဆိတ်မှတ်သားနေသည်။အခုကတော့ မိုးရယ်၊ ယုဇနရယ် နဲ့ ကိုလွန်းတို့ မကာအိုကို ေးာက်နေတာဖြစ်သည်။ စီးပွါးရေးသမားတို့ရဲ့ အာရုံကို ဖမ်းစားထားသော လေလံပွဲကြီးမှာ ဒိတ်ဒိတ်ကျဲအနုပညာရှင်တို့ကိုဖိတ်ထားလေသည်။ တကယ်ဆို မိုးလို အလယ်အလတ်လောက်သာ နာမည်ရထားသေးသော တယောပညာရှင်အတွက် ဒီလိုပွဲမျိုးမှာ တီးခတ်ဖျော်ဖြေဖို့ ဆိုတာ မဖြစ်နိုင်ပေ။ ယုဇန ရဲ့ နောက်ခံနဲ့ ကိုလွန်းရဲ့ လုပ်နိုင်စွမ်းက တကယ်ကို မြင့်မားလေသည်။ မိုးကို ဒီပွဲမှာ ဖျော်ဖြေခွင့်ရအောင် သူတို့နှစ်ယောက်လုံးက လွန်ခဲ့တဲ့သုံးလလောက်ကတည်းက ကြိုးစားပေးထားကြတာပင်။ တကယ်ကို သူတို့က မိုးအတွက် လိုတာထက်ကို ပို၍ ဂရုစိုက်ပေးကြ၏။
ယုဇနကတော့ မိုးကို စီစဉ်ပေးပြီးတာနဲ့ ထွက်သွားလေသည်။ပွဲက ည ၇ နာရီစမှာမို့ မိုးအတွက် ပြင်ဆင်ဖို့အချိန်ရှိသေးသည်။ မိတ်ကပ်ကိုလည်း ကိုယ်တိုင်လိမ်းတာမို့ တစ်နာရီလောက် အချိန်ယူရုံနဲ့ ရသည်။ စောစောက နေ့လည်စာစားထားပေမယ့် မဝတာကြောင့် ဟိုတယ်ဘေးက ကုန်တိုက်မှာ အဆာပြေမုန့်ဝယ်စားရန် မိုး တစ်ယောက်တည်း ထွက်လာလိုက်သည်။ အရင်ကလို ပိန်ပိန်ပါးပါးမဟုတ်ဘဲ ဝိတ်တတ်လွယ်နေပြီ ဖြစ်တဲ့ မိုးဟာ အစားအသောက်ကို ဆင်ခြင်နေရပြီဖြစ်သည်။ ဝတ်စုံကလည်း မိုးရဲ့ ခန္ဓာကိုယ်နဲ့ ကွက်တိချုပ်ထားသည်မို့ ဗိုက်က ပုံမှန်ထပ် နည်းနည်းပူလာရင်တောင် မိုးနေရခက်လှသည်။ အဆာကြေလွယ်အောင် နည်းနည်းပဲ ထပ်စားလိုက်တော့မည်။ မစားဘဲနဲ့နေပြီး ညနေမှ စားလျှင် ဗိုက်က ပိုပူလာလိမ့်မည်လေ။
အအေးမှာထားတုန်း ကုန်တိုက်ရဲ့ LEDမှာ လေလံပွဲရဲ့ အဓိက စီစဉ်သူတွေကို ဖော်ပြပြီး ဒီည ပွဲကို channel တစ်ခုမှာ live လွှင့်မည်ဖြစ်ကြောင်း ကြေညာလေသည်။ လေလံပွဲ မှာတက်ရောက်မည့် အထင်ကရ စီးပွါးရှင်များကတော့ အခု ပွဲလုပ်မယ့် ဟိုတယ်မှာ ရောက်နေကြောင်းကိုလည်း သတင်းထောက်ကလည်း ပြောပြနေလေသည်။ မထင်မှတ်စွာဘဲ မြင်လိုက်ရတဲ့ စျာန်းကြောင့် မိုးရဲ့ ခန္ဓာကိုယ်ဟာ တောင့်တင်းသွားရသည်။ အသက်ကြီပိုင်းလူကြီးတွေနဲ့ စကားပြောနေပြီး ငယ်ရွယ်ခန့်ညားမှုကြောင့် ထင်ရှားနေတဲ့ စျာန်းမှာ အပြုံးပန်းတို့တော့ ရှိမနေပါချေ။
STAI LEGGENDO
Love that starts with divorce
Storie d'amoreနှစ်ဦးနှစ်ဖက်လုံးရဲ့ ခံစားချက်မပါတဲ့ လက်ထပ်ပွဲတစ်ခု....။ မသာယာတဲ့ အိမ်ထောင်ရေး....။ ဖောက်ပြန်မှုတစ်ခုတောင် ပါချင်ပါနေပါလိမ့်မည်။ နှစ်ဦးသဘောတူ ကွာရှင်းစာချုပ်မှ အချစ်သက်သေတစ်ခုသို့ ကူးပြောင်းသွားခဲ့တဲ့အခါ.....