Unicode
၅ နှစ်ကြာသော်......။
Laptop screen ပေါ်တွင် ဆက်တိုက်တက်နေတဲ့ share တွေကိုကြည့်ကာ ဆေးလိပ်ကို ဇိမ်ခံသောက်နေတဲ့ ဈာန်းမင်းခ။ မျက်လုံးကတော့ screen ပေါ်မှာပဲ ဒါပေမယ့် စိတ်က အခြားတစ်နေရာသို့ ပြန့်လွင့်နေလေသည်။ ကွာရှင်းသည်ဆိုသည့် ခေါင်းကြီးပိုင်းက သတင်းစာမျက်နှာတွင် ပါလာသည့်နောက်ပိုင်းကစ၍ သူနဲ့ ပန်းဂနွယ်ရဲ့ တရားဝင်တွဲနေပါသည်ဆိုနဲ့ သတင်းဟာလည်း အတည်ပြုပြီး ထွက်ပေါ်လာခဲ့သည်။ တရားရုံးမှာ လက်မှတ်ထိုးပြီးနောက် တစ်ခါမှမသိဖူးတဲ့သူစိမ်းတွေလိုပဲ နေကြမယ် ဆိုတဲ့ မိုးရဲ့စကားကို သူလက်ခံခဲ့သည်။
မိုးကလည်း ကွာရှင်းတဲ့အပေါ်မှာ စိတ်အနှောက်အယှက် ၊ဝမ်းနည်းတာ ဖြစ်မနေသလို ကိုယ်တိုင်ကလည်း လိုလားနေခဲ့သည်။ ဖေဖေ့ရဲ့ ဒေါသကြောင့် တစ်လလောက် company အလုပ်တွေကို နားထားလိုက်ရပေမယ့် အခုတော့ အရင်ကထက် ပိုပြီး အင်အားကြီးလာလေပြီ။ ပန်းဂနွယ်ကလည်း အရင်ကလို အနုပညာအလုပ်တွေကို အရမ်းလုပ်မနေတော့ဘဲ သူသွားရာနောက်ကို တကောက်ကောက် လိုက်နေခဲ့သည်။
မိုးမဟာ.....မိုးမဟာကရော ဘာတွေလုပ်နေမလဲ။ သူတွေးထားခဲ့တဲ့အတိုင်း သူမ တကယ်ထွက်သွားခဲ့သည်။ အသက် 20 ပြည့်သည်နှင့် မိသားစုအမွေတွေကို သူရခဲ့ပြီး စင်္ကာပူ ကိုထွက်သွားလေသည်။ အံဆွဲထဲမှာ ထည့်ထားတဲ့ ကွာရှင်းစာချုပ်ကို ယူကြည့်ပြီး ပြုံးမိလိုက်ပေမယ့် အပြုံးတွေသာ သိပ်တော့ မသေသပ်ခဲ့။ ဒါဟာ သူကိုယ်တိုင်လိုချင်ခဲ့တဲ့ စာချုပ်မဟုတ်ပေလား။ လက်မှတ်ကိုယ်စီထိုးထားခဲ့ကြသည်။ နောင်တတွေလည်းမရှိ။ ပြန်လှည့်ကြည့်စရာလည်းမရှိ။ အနားမှာ မိုးမဟာလည်း ရှိမနေတော့။
"Boss...မမလေး ပန်းဂနွယ်ရောက်လာပါပြီ"
"အင်း"
ကွာရှင်းစာချုပ်ကို အံဆွဲထဲသို့ ထည့်လိုက်ပြီး ကုန်တော့မည် ဖြစ်သော ဆေးလိပ်ကို ဆေးလိပ်ခွက်ထံသို့ ထည့်ကာထိပ်ကိုချေလိုက်ပြီး အသစ်တစ်လိပ်ကို ထုတ်ကာ သောက်နေလိုက်သည်။
"ကိုကို ဒီည Hotel ဖွင့်ပွဲကို ပန်း လိုက်မှာနော်"
"အွန်း"
ВЫ ЧИТАЕТЕ
Love that starts with divorce
Любовные романыနှစ်ဦးနှစ်ဖက်လုံးရဲ့ ခံစားချက်မပါတဲ့ လက်ထပ်ပွဲတစ်ခု....။ မသာယာတဲ့ အိမ်ထောင်ရေး....။ ဖောက်ပြန်မှုတစ်ခုတောင် ပါချင်ပါနေပါလိမ့်မည်။ နှစ်ဦးသဘောတူ ကွာရှင်းစာချုပ်မှ အချစ်သက်သေတစ်ခုသို့ ကူးပြောင်းသွားခဲ့တဲ့အခါ.....