အပိုင်း (၁၄)

12.3K 436 65
                                    

Unicode

" ဒီမှာ ခဏနေခဲ့"

ပြောပြီးတာနဲ့ အခြားဘက်သို့ ထွက်သွားသော ဦးကြောင့် လူတွေ အများကြီး ရှုပ်နေတဲ့နေရာမှာ မိုး တစ်ယောက်တည်း ကျန်နေခဲ့ ရသည်။အခုကတော့ ဦးရဲ့ လိုက်ခဲ့ဆိုသော အမိန့်စကားကြောင့် မင်္ဂလာပွဲတစ်ခုကို ရောက်နေရခြင်းဖြစ်ပါသည်။ ထုံးစံ အတိုင်းပါပဲ။အရင်က ဦးနဲ့ အတူတူ တက်ခဲ့တဲ့ ပွဲတွေအတိုင်း မိုး တစ်ယောက်တည်းသာ ရှိလို့နေလေသည်။ သတို့သား နဲ့ သတို့သမီး နှစ်ယောက်စလုံးကို မသိသည့်အပြင် ဒီပွဲကို တက်ရောက်လာကြတဲ့သူတွေထဲမှာလည်း မိုးကို သိတဲ့သူ တစ်ယောက်မျှရှိမနေပေ။

ဦးကတော့ ဘယ်ပျောက်သွားသည်လဲ မသိပေ။ လူတွေရှုပ်ယှက်ခတ်နေတာတော့ မဟုတ်ပေမယ့် စာပွဲဝိုင်းများတွင် ထိုင်နေကြသော အခြားသူများနဲ့ မတ်တပ်ထကာ သောက်စားနေကြသော သူများ၏ အသံတွေဟာတော့ ဆူညံနေသည်။ ခပ်ယဲ့ယဲ့ ဖွင့်ထားသော ဂီတသံလေးဟာလည်း ငြိမ့်ညောင်းနေလေ၏။
ဦးက ဒီမှာပဲ နေခိုင်းထားပေမယ့် စားပွဲဝိုင်းတွင် မိုးတစ်ယောက်တည်းသာ ထိုင်နေရတာမို့ သိသိသာသာကို ကွဲထွက်နေလေသည်။

ဒီမှာလည်း မနေချင်တော့တာမို့ ခန်းမ အပြင်သို့ ထွက်လာလိုက်ကာ လေကောင်းလေသန့်ရှူရန် ဟိုတယ် အပြင်ဘက်သို့လာလိုက်တော့ အမျိုးသမီးတစ်ယောက်ရဲ့ ဆံပင်ကို နားအနောက်ဘက်သို့ သပ်တင်ပေးနေသော ဦးနှင့် တည့်တည့်တိုးသည်။ ထိုအမျိုးသမီးဟာ အခြားသူတော့ ဟုတ်မနေပေ။ ဦးရဲ့ ရည်းစားဟောင်းဆိုသော သူမ ပင်ဖြစ်သည်။ မိုးကို သူတို့ မြင်ပုံမရပေ။

အစကတော့ လှည့်ပြန်ဖို့ ခြေလှမ်းကို နောက်ဆုတ်လိုကိပေမယ့် ခေါင်းထဲသို့ပေါ်လာသော ကွာရှင်းစာချုပ်ကြောင့် လှည့်ပြန်မည့် အတွေးကို ဖျက်လိုက်တော့သည်။
မထူးလည်း ကွာရှင်းတော့မှာပဲမို့ ဒီလို မြင်ကွင်းအတွက် ထွေထွေထူးထူး စိတ်ရှုပ်မခံချင်‌တော့ပေ။ သူတို့ကတော့ စကားတပြောပြောနှင့် ပြုံးရွှင်နေကြကာ အခြားသူတွေရဲ့ အမြင်ကိုတောင် ဂရုစိုက်နေကြသည် မဟုတ်။ မိုးကလည်း ဘာလို့ သူတို့ကို ဂရုစိုက်ရမည်လဲ။

Love that starts with divorceWhere stories live. Discover now