အပိုင်း (၁၉)

12.2K 519 45
                                    

Unicode

လူတွေ များပြားနေပေမယ့် အာရုံက မျက်လုံးကစောင့်ထိုးခုံမှာ ကိုယ့်ကို ကျောပေးပြီး ထိုင်နေတဲ့ မိုးမဟာဆီကိုပဲ ရောက်လို့နေလေသည်။ လွန်းဇေယျာနဲ့ ပုခုံးချင်းထိနေအောင်ကပ်ထိုင်နေတဲ့ မိုးမဟာက အခုထိ ကိုယ့်ကို သတိထားမိပုံမရ။ ဖျော်ဖြေတာတွေ ပြီးဆုံးပြီးနောက် ခန်းမထဲတွင် ဂီတသံလွင့်လွင့်လေးဟာ ပြန့်လို့လာပြီး လူတွေ ဟိုသွား ဒီသွားဖြင့် ရှုပ်လို့လာလေသည်။ အတူတူကနေကြသည့် စုံ‌တွဲတွေလည်း ရှိလာပြီး အတူတူကဖို့ ခေါ်နေတဲ့ ပန်းဂနွယ်ကြောင့် စိတ်ရှုပ်ရပြန်သည်။

"ကရအောင်လေနော်"

"စိတ်မပါဘူး"

‌ပန်းဂနွယ်ရဲ့ စကားတွေကို လျစ်လျူရှုလိုက်ပြီး ကိုယ့်ရဲ့ အာရုံအလုံးစုံနဲ့ အကြည့်တွေက မိုးမဟာဆီမှာသာ ရောက်လို့နေလေသည်။

"ကိုကိုလို့"

"ကျစ်"

လက်ကို ဆုတ်ကိုင်ထားတဲ့ ပန်းဂနွယ်ရဲ့လက်ကို ခါချလိုက်ပြီး စိတ်ရှုပ်ဟန်ဖြင့် ကြည့်လိုက်တော့ သူမကလည်း နှုတ်ခမ်းဆူလာလေပြီ။

"ဘာလို့ မိုးမဟာကိုပဲ ကြည့်နေရတာလဲ။ ကွာရှင်းပြီးသွားပြီ မဟုတ်လား"

ပန်းဂနွယ်က ရိပ်မိနေခဲ့သည်လား။ ဒါမှမဟုတ် ကိုယ်ကပဲ အရမ်းသိသာနေခဲ့သည်လား။

"ဒီတိုင်းပဲ ကြည့်တာ ဘာဖြစ်လို့လဲ"

"မကြည့်ရပါဘူး။ ပန်း သဝန်တိုတယ်"

ကလေးဆန်စွာဖြင့် လက်မောင်းကို ပြန်လည်ချိတ်လာကာ ပုခုံးပေါ်သို့ ခေါင်းမှီလာလေသည်။ပြောချင်စိတ်လည်း မရှိတော့တာမို့ ဖြတ်သွားတဲ့ စားပွဲထိုးကို လှမ်းခေါ်လိုက်ပြီး ဝိုင်ကိုယူလိုက်ကာ တကျိုက်တည်းမော့ချလိုက်သည်။အကြည့်ကတော့ မည်သူတစ်ဦးတစ်ယောက်ရဲ့ ခိုင်းစေချင်းမပြုပါဘဲနှင့် မိုးမဟာဆီသို့ ရောက်ရှိနေလေသည်။ရုတ်တရပ် ကိုယ့်ဆီ ဖြည်းဖြည်းချင်း လှည့်လာတဲ့ မိုးမဟာကြောင့် ဝိုင်ခွက်ကိုတောင် ခုံပေါ်သို့ မချရသေးပဲ ကြောင်သွားသည်။

အကြည့်ချင်းဆုံသွားသည်။ သို့သော် သူမကတော့ ကိုယ့်ကို ဖြတ်ကြည့်သွားရုံသာ။ မမြင်ဖူးတဲ့ လူတစ်ယောက်ကို သတိမထားဘဲ ဖြတ်သွားသည့် အမူအရာမျိုး။ စိတ်ထဲမှာတင်းခနဲနေရခက်သွားပေမယ့် ကိုယ့်စိတ်ကိုယ်ပဲ ပြန်လျှော့လိုက်သည်။ အင်းလေ...အခုက သူစိမ်းတွေ ဖြစ်သွားကြပြီပဲ မဟုတ်လား။

Love that starts with divorceWhere stories live. Discover now