Unicode
"ဒီကြားထဲ ငါစိတ်ပြောင်းသွားရင်တော့ မိုးမဟာက ငါ့အပိုင်ဖြစ်သွားနိုင်တယ်နော်...ဟားဟား"
တောက်!!!
Day ရဲ့စကားသံကပဲ သူ့နားထဲမှာ စွဲထင်နေလေသည်။ တကယ်မဖြစ်ဘူး။ မိုးမဟာရဲ့ ဘယ်အစိတ်အပိုင်းကိုမှ မျက်လုံးနဲ့ကြည့်တာတောင် သည်းမခံနိုင်ဘူး။ ကြည့်တဲ့မျက်လုံးတွေ မှန်သမျှကို ဖောက်ထုတ်ပစ်မယ်။
မူဆယ်ကိုရောက်တော့ သူတို့ကို ကားတစ်စီးက အသင့်စောင့်ကြိုနေလေသည်။ Day ရဲ့လူတွေက စျာန်းနဲ့ Jacko ကိုကလွဲပြီး အခြားသူများကို မလိုက်ခိုင်းပေ။ အချိန်က ည ၁၁ နာရီဝန်းကျင်တွင်ရှိနေ၏။နာရီဝက်ခန့်ကားစီးပြီးနောက် ကျယ်ဝန်းလှသောခြံကြီးထဲကို ရောက်တော့ Day ရဲ့ အိမ်ဆိုတာကို သိလိုက်ရသည်။ စျာန်းထင်ထားသည်က ဂိုထောင်ပျက်တစ်လုံး ဒါမှမဟုတ် အခြားမှောင်ခိုနေရာဟုထင်ခဲ့သော်လည်း မိုးမဟာကို Day ရဲ့ အိမ်ကြီးထဲထိ ခေါ်ထားလေသည်။
အိမ်ထဲကို မဝင်ခင် စျာန်းနဲ့ Jacko ကို တကိုယ်လုံးစစ်ဆေးကြပြီး သေနတ်နဲ့ ဓားမြှောင်တို့အားလုံးအား သိမ်းသွားကြလေသည်။
"ဟက်...ငကြောက်တွေ"
စျာန်းကတော့ အံသာကြိတ်ပြီး မိုးမဟာကိုတွေ့ရဖို့အရေးက သူ့အရေးဖြစ်နေတာမို့ အားလုံကိုသတိနှင့်သာ ကြည့်နေပေမယ့် Jacko ကတော့ ခပ်ရွဲ့ရွဲ့နှင့် ပြောလာလေသည်။
"ပါးစပ်ကိုပိတ်ထားစမ်း!! မင်းတို့ နှစ်ယောက် ဒီနားမှာတင် သေသွားလည်း အလောင်းဖျောက်ဖို့က လွယ်လွယ်လေးပဲ"
"လုပ်ရဲရင့်လုပ်ကြည့်လေ"
"တော်ကြစမ်း!"
မီးညှိပြီးသားဆေးလိပ်ကို နှုတ်ခမ်းမှာခဲထားတဲ့ Day က အော်သံနဲ့အတူတူ စျာန်းတို့ရှေ့ကို ရောက်လာလေသည်။
"မြန်ကြသားပဲ"
ပြီတီတီမျက်နှာထားနှင့် မျက်ခုံးပင့်ကာ တစ်လှမ်းချင်းလျှောက်လာတဲ့ Day ကိုကြည့်ရင်း စျာန်းရဲ့ လက်သီးတို့က ပိုပြီးကြပ်စွာဆုတ်မိလာသည်။
"မိုးမဟာ ဘယ်မှာလဲ"
"အာ....ပစ္စည်းကို ငါတို့လက်ထဲကို အရင်လွှဲပေးရမှာပေါ့"
ESTÁS LEYENDO
Love that starts with divorce
Romanceနှစ်ဦးနှစ်ဖက်လုံးရဲ့ ခံစားချက်မပါတဲ့ လက်ထပ်ပွဲတစ်ခု....။ မသာယာတဲ့ အိမ်ထောင်ရေး....။ ဖောက်ပြန်မှုတစ်ခုတောင် ပါချင်ပါနေပါလိမ့်မည်။ နှစ်ဦးသဘောတူ ကွာရှင်းစာချုပ်မှ အချစ်သက်သေတစ်ခုသို့ ကူးပြောင်းသွားခဲ့တဲ့အခါ.....