အပိုင်း (၂၉)

9.8K 404 18
                                    

Unicode

"ဒယ်..ဒယ်...စတော်ဘယ်ရီ စားညယ်"

"အိုခေ...ဒီမှာ တိတ်တိတ်လေးထိုင်စား ဟုတ်ပြီလား"

အသိစိတ်တို့ဝင်လာသော်လည်း လေးလံနေသော မျက်ခွံတို့ကို ဖွင့်ဖို့အားမရှိသေးပေ။ ကလေးတစ်ယောက်အသံနှင့် လူကြီးတစ်ယောက်စကားပြောနေသံကို ကြားနေရသည်။ ဘာတွေပြောနေသည်လဲဆိုတာကိုတော့ မိုး သေချာအာရုံမစိုက်နိုင်သေးပေ။ မိနစ်အနည်းငယ်မျှ အားတင်းပြီးနောက် မျက်ခွံတို့ကို အားယူစွာဖြင့် ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်တော့ အဖြူရောင်မျက်နှာကျက်ကိုသာ မြင်လိုက်ရသည်။

"အ့...."

ထုံထိုင်းနေသော ခေါင်းကြောင့် ခန္ဓာကိုယ်က လှဲနေရာမှထဖို့ မဖြစ်နိုင်သေးတာကြောင့် ကုတင်ပေါ်မှထရန် လက်ဖဝါးဖြင့်အိပ်ရာကိုထောက်လိုက်သော်လည်း ပြန်လဲကျသွားရသည်။

"မိုးမဟာ...နိုးလာပြီလား"

စိုးရိမ်ကြောင့် ပေါ်လွင်နေတဲ့အသံနဲ့ သိကျွမ်းဖူးပြီးသော ရနံ့တို့ဟာ မိုးရဲ့ နှာခေါင်းဝကို ကျီစယ်လာလေသည်။စကားပြောရန် နှုတ်ခမ်းတို့ကို ဖွင့်ဟလိုက်ပေမယ့် ဘာအသံမှ ထွက်မလာပါ။ခြောက်ကပ်နေတဲ့ လည်ခေါင်းကြောင့်  ဖြစ်ပေမည်။

"ရော့...ရေသောက်လိုက်ဦး။ နေရတာ အဆင်ပြေရဲ့လား"

ရေခွက်ကို မိုးရဲ့ နှုတ်ခမ်းဝမှာ တေ့ပြီးတိုက်နေတဲ့ ဦးက အရင်ကနဲ့ မတူပေ။ မျက်ဝန်းတို့မှာ ထောင်လွှားနေသောမာနအရိပ်အယောင်တို့ လုံးဝရှိမနေပါ။

"အွန်း...."

"ခဏနားလိုက်ဦး။ဆရာဝန်ကို ခေါ်လိုက်ဦးမယ်။ ခဏနေကျ ကြီးမေ က ဆန်ပြုတ်လာတိုက်လိမ့်မယ်"

"ဒယ်...ဒယ်...တူ နိုးလာပြီရား"

စျာန်းရဲ့ ခြေသလုံးကိုဖက်ကာ မိုးကို စူးစမ်းသလို ကြည့်နေတဲ့ အကောင်ပေါက် ကလေးသေးသေးလေး။

"သားငယ်...ဟိုမှာ ငြိမ်ငြိမ်လေး သွားထိုင်နေဦး"

"ထိုင်ဝူး"

"ကဲ..."

စျာန်းက စိတ်မရှည်စွာနဲ့ ထိုကလေးငယ်ကို ချီမလိုက်ပြီးဆိုဖာပေါ်မှာတင်ပေးလိုက်လေသည်။

Love that starts with divorceWhere stories live. Discover now