အပိုင်း(၅)

11.2K 347 24
                                    

Unicode

မန္တလေးကို ဦးနဲ့ မိုး နှစ်ယောက်တည်းသွားရမယ်လို့ မထင်ထားသည်မှာ အမှန်ပင်။ ဦးက အလုပ်ကိစ္စနဲ့ သွားသည်လား ၊ အခြားကိစ္စကြောင့် သွားသည်လားဆိုတာကို မိုးမသိပေ။ တစ်လမ်းလုံးလည်း ကားထဲမှာ တိတ်ဆိတ်နေသည်။ ဦးဘက်ကလည်း ဘာစကားမှမပြောသလို မိုးဘက်ကလည်း ငြိမ်နေသည်။

မန္တလေးက Hotel ကို ရောက်တော့ ဦးက မိုးကို ထားသွားသည်။ ညဘက်လည်း ရောက်နေပြီကို ဦးက ဘယ်ကိုသွားသည်လဲ။ ဦးထွက်သွားပြီး ခဏနေတော့ ညစာဆိုပြီး မိုးအတွက် ဝန်ထမ်းတစ်ယောက်က လာပို့သည်မို့ ညစာကို အရင်စားလိုက်သည်။ ဖွင့်ထားသော အဲလ်ကွန်းကြောင့် အခန်းက အေးစိမ့်လို့နေလေသည်။ ရေချိုးချင်စိတ်တောင် မရှိတော့။ ခြေလက်ဆေးပြီး ကုတင်ပေါ်သို့သာ ခြေပစ်လက်ပစ်လှဲလိုက်သည်။ တနေကုန် ကားစီးလာရလို့ထင်တယ်။ လှဲလိုက်မှ အကြောတွေ ပြေသွားသလို ခံစားရသည်။

မှန်ဖြင့် ပြုလုပ်ထားသော နံရံက ပါးလွှာတဲ့အဖြူရောင် လိုက်ကာလေး‌တွင် ရောင်စုံမီးများက ထင်ဟပ်နေတာကြောင့် သိလိုစိတ်ဖြင့် ကုတင်ပေါ်က ထကာ လိုက်ကာကို ဖယ်ကြည့်လိုက်သည်။ မန္တလေးကျုံးရဲ့ ညဘက် အလှအပလေးကြောင့် ပြုံးမိသွားသည်။ ရောင်စုံမီးများနှင့် ကျုံးထဲတွင် ပြုလုပ်ထားသော ရေပန်းများဟာ တကယ်ကို လှ၏။ မိုးတို့ တည်းနေသော Sedona Hatel ရဲ့ မျက်နှာစာဟာ ကျုံးနှင့် မျက်ချင်းဆိုင်ဖြစ်နေတာမို့ မိုးအရမ်းသဘောကျသည်။ မိုးက ဒိလိုမျိုး ညဘက်ရှုခင်းတွေကို ကြိုက်သည်။ ဒါပေမယ့် ညဘက်ဆို အပြင်တွေ မထွက်လည်ဖူးပေ။ ဦး နဲ့သာ အပြင်ထွက်ရပေမယ့် အဲ့တာတွေက အလုပ်ကိစ္စတွေကြောင့် မို့ မိုးအနေနဲ့ ဘေးပတ်ဝန်းကျင်တွေကိုတောင် သိပ်မကြည့်မိ။

သီချင်းလေး နားထောင်ကာ အဲ့နားလေးမှာပဲ ကြမ်းပြင်ပေါ်ကို ထိုင်ချလိုက်ပြီး ဖုန်းထဲကနေ စာဖတ်နေလိုက်သည်။ စာဖတ်ပြီးသွားတော့ အချိန်ဟာ မနက် 1 နာရီ ကျော်နေပြီ ဖြစ်သည်။ ဦးကတော့ ပြန်မရောက်လာသေးပါ။ ဘယ်သောအခါမှ ည 11 နာရီနောက်ပိုင်းအထိ နောက်ကျပြီး အိမ်ပြန်လာသည်ဆိုတောင် မရှိသော ဦးက ဘာလို့ အခုမှ ဒီလောက်ထိ နောက်ကျနေရသည်လဲ။

Love that starts with divorceWhere stories live. Discover now