အပိုင်း (၁၆)

11.5K 481 65
                                    

Unicode

မိုးကို မြင်လိုက်တယ်။ ဟုတ်တယ်။ အဲ့အချိန်တုန်းက မိုးနဲ့ ဦး အကြည့်ချင်းဆုံမိသွားတယ်။ ဒါပေမယ့် ဦးကတော့ မသိတဲ့သူစိမ်းတစ်ယောက်လို ခဏသာ ကြည့်သွားပြီး ကောင်မလေးရဲ့လက်ကိုတွဲကာ ထွက်သွားလေသည်။ ထွေထွေထူးထူး ခံစားရတာတော့ မဟုတ်ပေမယ့် အိမ်ထောင်ရေး ဖောက်ပြန်ခံရတယ်ဆိုတဲ့ ခံစားချက်ကြီးက တော်တော်ကို ဆိုးရွားသည်။ သက်ထားကလည်း ‌စိတ်တိုသည့်ပုံဖြစ်နေပြီး မိုးကို ဘာမှလာမပြောတော့။ ရှေ့တွင် ချထားသည့် အအေးကိုသာ တဝကြီး ဆက်တိုက်သောက်လိုက်သော်လည်း သစ္စာဖောက်ခံရသည့် အပူက ပျောက်လို့မသွားပေ။ သစ္စာတရားဆိုတာ မိုးနဲ့ ဦး ကြားမှာမလိုအပ်ပေမယ့် သူများတွေအမြင်မှာတော့ မိုးတို့က လင်မယားတွေပဲ မဟုတ်လား။

စိတ်မပါတော့တာမို့ စားသောက်ကြပြီးတာနဲ့ သက်ထားက မိုးအိမ်ကိုလိုက်ပို့သည်။ ဦးအိမ်ကိုပါ လိုက်ပို့ပေးမယ်ပြောပြီး သူ့အိမ်ကို မပြန်သေးဘဲ မိုးအိမ်မှာပဲ စောင့်နေကာ ခဏနေတော့ ကိုလွန်းက ရောက်လာသည်။

"မ‌တွေ့ရတာကြာပြီနော် မိုး"

ကိုလွန်းက နှုတ်ဆက်ပြီးတာနဲ့ မိုးရဲ့ဘေးမှာ ဝင်ထိုင်လာသည်။

"ဪ ကိုလွန်း"

"သက်ထားက ကိုယ်နဲ့မိုး မတွေ့ရတာကြာပြီမို့ လာတွေ့ချင်လာတွေ့ဆိုလို့လေ"

"ဟုတ်ပ မိုး ဟိုတနေ့ကတောင် ကိုလွန်းကို သတိရနေတာ"

"ကိုယ်ရောပါပဲ"

နူးနူးညံ့ညံ့ကြည့်လာတဲ့ ကိုလွန်းရဲ့ အကြည့်တွေကို မနေတတ်စွာဖြင့် မျက်နှာလွှဲမိသည်။

"ရော့....ကိုယ့်စာအုပ်"

မိုးဘေးက နေရာလွတ်တွင်ဝင်ထိုင်ကာ ပေးလာသော စာအုပ် အနီရောင်လေး။

"ထွက်ပြီလား။ စာအုပ်အဖုံးက ချစ်စရာလေးနော်"

"ဟိုအိမ်ကို ပြန်မယ်ဆို ကိုယ်လိုက်ပို့ပေးမယ်လေ"

"ရတယ် ကိုလွန်း။ သက်ထားက လိုက်ပို့်မယ်တဲ့"

"ကိုယ်နဲ့ သက်ထားက အတူတူပဲလေရော်"

Love that starts with divorceOnde histórias criam vida. Descubra agora