Unicodeပြန်မယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ မိုးတို့ တိတ်ဆိတ်စွာနဲ့ပဲ အိမ်ကို ပြန်ရောက်လာကြပါသည်။ အိမ်ရှေ့ကိုရောက်တာနဲ့ ဦးက မိုးကို လှည့်တောင်မကြည့်ဘဲ အိမ်ထဲကို တန်းဝင်သွားသည်။ အိမ်က အလုပ်သမားလေးတွေကလည်း သိမ်းစရာရှိတာသိမ်း ပြီးတာနဲ့ သူတို့ အိပ်တဲ့နေရာစီသို့ အလျှိုလျှိုဝင်သွားကြလေသည်။ မိုးတစ်ယောက်တည်း ဧည့်ခန်းထဲမှာသာ ရပ်နေမိသည်။
အခန်းထဲကိုလည်း မဝင်ရဲပေ။ သို့သော် အခန်းထဲက ဦး စောင့်နေတာ ကြာသွားရင် ပိုစိတ်တိုမှာကိုလည်း စိုးရိမ်၏။
ကိုယ်ကျပ်ဖြစ်နေသော ဝတ်စုံရဲ့ အကွဲကြောင်းမှ လမ်းလျှောက်ရတာ ပိုအဆင်ပြေအောင် အပေါ်သို့ ဆွဲတင်လိုက်သည်။ မတ်တပ်ရပ်နေတုန်းက သိပ်မသိသာပေမယ့် ခြေလှမ်း လှမ်းလိုက်တိုင်း နာကျင်နေသော ခြေချောင်းနှင့် ခြေဖဝါးတို့ကြောင့် အံကြိတ်မိသည်။ တအိမ်လုံး တိတ်ဆိတ်တာကြောင့် မိုးရဲ့ ဒေါက်ဖိနပ်သဲ တဂွက်ဂွက်ကသာ အိမ်ထဲမှာ ထွက်လို့နေလေ၏။
လှေကားဆုံးပြီး ဒုတိယ ထပ်သော ရောက်သော အခါ မြင်နေရသော အခန်းတံခါးပေါက်ကို ကြည့်ပြီး စိုးရိမ်စိတ်ကြောင့် အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်မိသည်။
အခန်းထဲကို ရောက်တော့ ဦးက အပေါ်ကုတ်အင်္ကျီကို ချွတ်ထားပြီး ရှပ်အင်္ကျီကိုလည်း ကြယ်သီးတွေ အကုန်ဖြုတ်ထားလေသည်။ ကုတင်ခေါင်းရင်းကို ကိုယ်တဝက်မှီနေလျက် ကုတင်ပေါ်သို့ ခြေဆင်းထိုင်းကာ စီးကရက်သောက်နေတဲ့ ဦးက မျက်ခုံးနှစ်ဖက် ထိလုနီးပါး ကျုံ့ထားကာ မျက်လုံးကိုလည်း မှိတ်ထားလေသည်။
မျက်လုံးမှိတ်ထားတယ် ဆိုသော်ငြားလည်း တံခါးဖွင့်သံနဲ့ ဒေါက်ဖိနပ်သံကြောင့် မိုးရောက်ပြီဆိုတာကို ဦး သိပေလိမ့်မယ်။ဦးရဲ့ ရက်စက်တဲ့ စကားတွေနဲ့ မိုးကို ထိုးနှက်တော့မယ်ဆိုတာ သိပြီးသားမို့ ဦးပြောလာမယ့် အချိန်အထိ အခန်းအပေါက်ဝမှာ မိုးရပ်စောင့်နေပေမယ့် ဦးက ဘာမှမဆိုလာပေ။
အချိန်အားဖြင့် 15 မိနစ်လောက်ရှိနေလေမလား။ ဒါမှမဟုတ် နာရီဝက်လောက်ပေါ့။ မိုးတို့ နှစ်ယောက် ဒီလိုပုံစံအတိုင်းနဲ့ပဲ နေနေကာ ဦးရဲ့ အရိပ်အခြေကို မိုး စောင့်ကြည့်နေလိုက်သည်။ ဒီအချိန်တိုအတွင်းမှာ စီးကရကါဘယ်နလိပ်တောင် ဦးသောက်လိုက်မှန်း မိုးမသိလိုက်ပါ။
VOUS LISEZ
Love that starts with divorce
Roman d'amourနှစ်ဦးနှစ်ဖက်လုံးရဲ့ ခံစားချက်မပါတဲ့ လက်ထပ်ပွဲတစ်ခု....။ မသာယာတဲ့ အိမ်ထောင်ရေး....။ ဖောက်ပြန်မှုတစ်ခုတောင် ပါချင်ပါနေပါလိမ့်မည်။ နှစ်ဦးသဘောတူ ကွာရှင်းစာချုပ်မှ အချစ်သက်သေတစ်ခုသို့ ကူးပြောင်းသွားခဲ့တဲ့အခါ.....