Part-5

251 17 2
                                    

Uni

"သွေးဆိုင်ရှေ့မှာ  customer လာတယ်တံခါးဖွင့်ပေးလိုက်ပါအုံး"
ကိုရှင်းသန့်ကကောင်တာကနေလှမ်းအော်လာသည်။ဧည့်ကြိုတွေဘယ်ရောက်ကုန်ကြလဲ မသိပါဘူး

"လာပြီ ကိုရှင်းသန့် "
သွေးလည်းမီးဖိုဆောင်ကနေထွက်ပြီးသွားကြည့်တော့ အော်ဘယ်သူများလည်းမှတ်တယ် ဟိုလူပဲ
"မင်ဂလာပါ"
ဆိုင်လာရင်ဧည့်ကြိုတဲ့အတိုင်းသွေးနှုတ်ဆက်လိုက်သည်။အဲ့လူကသွေးကိုကြည့်လာပြီးပြုံးပြလာတယ် သွေးကတော့ ခပ်တည်တည်နေပြီးမီးဖိုဆောင်ကိုပြန်သွားလိုက်သည်။ထိုလူကတော့ ကိုရှင်းသန့်နားသွားထိုင်နေသည်။ဘယ်လိုကြည့်ကြည့်သွေးသူ့ကိုကြည့်လို့ကိုမရဘူး

"ဟျောင့်ရှင်းသန့်မင်းဟိုကောင်လေးကိုအဲ့လိုပုံစံပဲဧည့်သည်တွေကိုကြိုခိုင်းတာလား"

"ဘယ်လိုကြိုလို့လဲ သွေးက customer တွေနဲ့အဆင်ပြေဆုံးပဲကို"

"ငါ့ကိုတံခါးဖွင့်ပေးတာမင်မမြင်ဘူးလား မျတ်နှာကဆူပုတ်ပြီးမသိရင်ငါကပဲ သူ့ကိုတစ်ခုခုလုပ်ထားသလို"

မာန်ပြောတော့ ရှင်းသန့်ကခပ်ဟဟရယ်လာသည်။ရယ်စရာပါနေလို့လား
''နောက်တော့ငါတို့ကောင်ရီးကိုချေတဲ့သူပေါ့လာပြီပဲ ဟဟ"

"ရယ်မနေနဲ့ကော်ဖီတစ်ခွက်ဖျော်ပေး"

"အေးပါကွာခနစောင့် ဖျော်ခိုင်းလိုက်မယ်"
ပြောပြီးသွေးကိုကော်ဖီတစ်ခွက်လှမ်းမှာလိုက်သည်။ခနကြာတော့သွေးကကော်ဖီလာချပေးသည်။

"ဟျောင်းမင်းတိုဆိုင်မှာလေ ဆက်ဆံရေးမကောင်းတဲ့သူတွေမထားနဲ့ ဆိုင်နာမည်ပျတ်တယ်"

သွေးလာချမှ ဒီစကားပြောတာ သွေးကိုရွဲ့နေမှန်းသိသည်။သွေးကတောမာန်ကိုတစ်ချက်ပဲကြည့်ကာမျတ်စောင်းထိုးကာခပ်တည်တည်ပဲထွက်သွားလေပြီ။

"ဟတ်   အစွာလေးပဲမျတ်လုံးချင်းတောင်မစုံရဲကြတဲ့ငါ့ကိုမျတ်စောင်းထိုးသွားတယ်"

"သူဘာသာသူနေတာမင်းကအမြင်မကြည်အောင်ဘာတွေလုပ်ထားမှန်းမှမသိတာ"

"အဲ့ဟာလေးနဲ့ကဆိုင်ကယ်နဲ့တစ်ခါတိုက်မိမလိုဖြစ်သေးတယ်"
"အဲ့တာကြောင့်နေမှာပါသွေးကအကြောင်းမဲ့ရီးမင်းကိုအမြင်ကပ်မှာမဟုတ်ဘူး"

အာရို ( Ongoing)Where stories live. Discover now