Part-10

165 10 2
                                    


Uni

မာန်ဆိုင်ကထွက်ပြီးအိမ်ကိုတန်းပြန်လာလိုက်သည်။ဒယ်ဒီကတော့ driverနဲ့ပြန်သွားပြီဖြစ်သည်။ပြန်ရောက်တာနဲ့အိမ်ပေါ်တန်းတက်ပြီးရေတစ်ခွက်သောက်လိုက်သည်။ ရေအတော်ချိုးချင်နေပြီမာမီကိုတက်လာကတည်းကမတွေ့မိဘူး ဘယ်တွေသွားနေလည်းမန်း
ခနနားပြီးရေချိုးရန်ပြင်ဆင်ရသည်။ဝတ်ထားတဲ့suitကိုအကုန်ချွတ်လိုက်တော့ အတွင်းခံတစ်ထည်သာကျန်တော့သည်။ရေချိုးခန်းထဲမှာရေအေးဆေးချိုနေလိုက်‌ ‌ တော့သည်။ရေချိုးပြီးပြန်ထွက်လာတော့မာမီကဆိုဖာပေါ်ထိုင်နေသည်။

"သား ပထမရက်မှာအဆင်ပြေရဲ့လား"

"ပြေတယ်မာမီ"

"အေကွယ် ပြီးရော ဒါနဲ့တစ်ပါတ်ခါသားမွေးနေ့နော် မာမီအကုန်စီစဉ်ပြီးပြီ"

"အင်းမာမီ သားအသိနဲ့ကုမ္မဏီကလူတွေကိုပြောလိုက်မယ်"

"ကောင်းပြီသား မာမီသွားပြီ ခေါင်းကိုရေပြောင်အောင်သုတ်အုံး အ‌အေးမိနေမယ်"

"ဟုတ်ပါပီဗျာ"

နောက်ချွတ်"နဲ့ပြောလိုက်တော့မာမီကရယ်ပြီးထွက်သွားသည်။
**************

"သွေး စာတွေရှယ်လုပ်နေပါ့လား"

"လုပ်ရမယ်လေ မင်းကောမလုပ်ဘူးလား နီးနေပြီနော်"

"လုပ်မှာပေါ့အေးဆေး နှစ်ပတ်လိုပါသေးတယ်"

"အေးပါ ပြီးမှအမေကယ်ပါ အဖေကယ်ပါမလုပ်နဲ့"

စာမေးပွဲကနီးနေပြီ ခွန်းမောင်ကတော့အေးဆေးလုပ်နေတာ သွေးမှာတော့အသဲသန်ကြိုးစားနေရသည်။ဘွဲတစ်ခုရရင် အလုပ်ကောင်းတာလေးမှာဝင်လုပ်ကိုယ့်တစ်ယောက်အတွက်ဖူလုံသည်။ပိုလျှံတာလေးစုပြီးဂေဟာမှာပြန်ထည့်ပေး အေးချမ်းနေမှာပဲ။မေမေကပြန်လာမယ်ပြောပေမဲ့ မမျှော်တော့ပါဘူး။

**********
ဒီနေ့မာန်မွေးနေ့ညနေ6နာရီပါတီစကြမယ်တဲ့ ကုမ္မဏီကလူတွေကော မာမီ၊ဒယ်ဒီအသိတွေကောလူအတော်များမယ်ထင်သည်။ ရှင်းသန့်ကိုလည်းပြောထားသည်။ဆိုင်ကလူတွေခေါ်ခဲ့ဖို့ကောတကယ်တော့မာန်ပွဲကိုသိပ်အာရုံမရှိပါ။ အလုပ်သက်သက်သာဖြစ်သည်။
အခုပဲ5နာရီထိုးနေပြီဆိုတော့ရေမိုးချိုးပြင်ဆင်ရတော့မည်။ဧည့်ခံရင်ကြည့်ကောင်းနေမှရအုံးမည်။

အာရို ( Ongoing)Where stories live. Discover now