Part-12

271 15 2
                                    

Uni

ဘာလိုလိုနဲ့သွေးတို့တောင်စာမေးပွဲပြီးပြီ အောင်စရင်းတော့မထွက်သေးပါ အကောင်းဆုံးတော့ဖြေခဲ့တာပါပဲ ဘယ်လိုလာမယ်မှန်းတော့မသိဘူး
အခုတော့ သူရောခွန်းမောင်ရော ကိုရှင်းသန့်ဆိုင်မှာအလုပ်ခနပြန်ဝင်လုပ်နေသည်။အောင်စရင်းထွက်ရင်တော့အလုပ်ကောင်းတာလေးတစ်ခုရှာရမည်။

"ကြိုဆိုပါတယ်ဗျ"

တွေးရင်းနဲ့ဆိုင်ထဲသို့ဧည့်သည်ဝင်လာတော့ဧည့်ကြိုမရှိတာနဲ့သွားကြိုလိုက်သည်။

"ဘာများသုံးဆောင်မလဲ"

မီနူးစာအုပ်ကိုချပေးလိုက်တော့ဟိုလှန်ဒီလှန်နဲ့မုန်တွေကြည့်နေသည်။

"ဒီမုန့်လေးကနှစ်ခု black coffee တစ်ခွက်အမေရီကာနိုတစ်ခွက်ပေးနော် "

"ဟုတ်ကဲ့ခဗျ"

ခွန်းမောင်ကဈေးသွားဝယ်တော့သူပဲဖျော်ပေးရတော့မည်။

*************************

မာန်အလုပ်တွေရှုပ်နေရတဲ့ကြားထဲဦးလွင်နောင်ကအကူညီတောင်းလာလို့သူ့သမီးကားမောင်းသင်ပေးမဲ့ကိစ္စကိုတိုင်ပင်ခိုင်းသည်။အားတဲ့အချိန်လေးပါပဲဆိုပြီးခခယယလာပြောနေတာ။ စိတ်ရှုပ်တယ်
ကော်ဖီဆိုင်မှာတွေ့ဖို့ချိန်းလို့သွားရပေအုံးမည်။

ဆိုင်ထဲဝင်လာတော့

"ကိုမာန် ချောလွင်ဒီမှာ"

လက်ပြ၍ပြောလာတော့သူရှိတဲ့ဝိုင်းသို့သွားလိုက်သည်။ကော်ဖီတွေမုန့်တွေမှာထားပြီးစောင့်နေသည်။

"ပြောလေခေါ်ရတဲ့အကြောင်းရင်း"

မာန်ခပ်ပြတ်ပြတ်ပဲမေးလိုက်သည်။

"ကိုမာန့်ကိုကားမောင်းသင်ခိုင်းမ့်ုပါ ဖေဖေကမအားတာနဲ့မသင်ပေးဘူးလေ"

"ငါကောအားတယ်ထက်နေလား မင့်အဖေထက်အလုပ်ပိုရှုပ်တယ် ငါ့လူတွေနဲ့သင်ခိုင်းလိုက်မယ်"

"မဟုတ်ဘူးလေကိုမာန်ကလည်း ချောလွင်က.."

"ဟုတ်ပြီ တစ်ရက်ပဲငါသင်ပေးမယ် အလုပ်ကပစ်ထားလို့မရဘူး အဆင်မပြေလဲရတယ်"

"ဟွန့် ရပါတယ်တစ်ရက်လည်း"

"အင်း သွားတော့မယ် ပြောပြီးပြီဆိုတော့"

အာရို ( Ongoing)Where stories live. Discover now