Part-11

169 7 1
                                    

Uni

သွေးနဲ့ခွန်းမောင်တစ်ပတ်ခါဆိုစာမေးပွဲဖြေရတော့မည်ကြောင့်နှစ်ယောက်သားစာတွေအသေလုပ်နေကြရသည်။
ဆိုင်လဲမသွားဖြစ်တော့ပါအိပ်ယာထလာတာနဲ့မနက်စာစားရေမိုးချိုးပြီးစာလုပ်တစ်နေကုန်ပါပဲ။‌

"သွေးမင်းဖြေပြီးလို့ဘွဲ့ရရင်ဘာလုပ်မယ်စဥ်းစားထာလဲ"

"မသိ‌သေးပါဘူး လိုက်လျှောက်ရမှာပဲအလုပ်ကတော့ မင်းရော"

"ငါကမင်းနဲ့အတူပဲလုပ်ချင်တာ အတူတူရှာမယ်လေ"

"ကောင်း‌တာပေါ့ အရင်ဆုံးစာသာလုပ်ပါနောက်မှပြောဒါတွေက"

သွေးပြောလိုက်တော့ခွန်းမောင်မျတ်စောင်းကဒိုင်းကနဲ။အဲ့ကောင်စာမလုပ်ချင်လို့စကားတွေလာလာပြောနေတာ

"မင်းကလည်းခနနားပါအုံးဟ တစ်နေကုန်ပဲလုပ်နေတာ"

စူပုပ်ပုပ်နဲ့ပြောလေတော့သွေးက

"မင်းနားနေတာကြည့်ပဲလုပ်လိုက်ပါတစ်ပတ်လောက်ပဲ သည်းခံ"

စကားများရင်း၊ကျက်ရင်း၊နားရင်းနဲ့စာတော့ရတော့မယ်

******************

"သားလာမနက်သာလာစားပါအုံး"

"သားအလုပ်သွားတော့မယ်ဗိုက်လဲမဆာသေးလိုးမာမီတို့ပဲစားလိုက်တော့"

ပြောပြီးတန်းထွက်သွားလေသည်။ဘာတွေအဲ့လောက်လောနေတာလဲ မနက်စာတောင်မစားနိုင်အောင် နောက်ကျတော့ရောဘယ်သူကဆူမှာကျနေတာပဲ သားတစ်ယောက်နဲ့တော့ခက်တာပဲ။

‌"နေပါစေသမီးရယ်အရေးကြီးလို့နေမှာပေါ့"

"အင်းပါ"

ပြောပြီးသုံးယောက်လုံးဆက်စားနေကြသည်။မာန်အဖေကတော့ဘာမှဝင်မပြောမိ။

*************

"မာန်ဒီပရောဂျက်ကသေချာလုပ်ရမယ် ကုမ္မဏီအတွက်လုံးဝအရင်းမြစ်ပဲ"

မာန်နဲ့တွဲလုပ်နေတဲ့အသိသူငယ်ချင်းတစ်ယောက်ကပြောလာသည်။သူဒီပရောဂျက်ကိုလုပ်နိုင်ရင်သိန်းပေါင်ထောင်ချီဝင်လာမည်။သူရဲ့ပထမဆုံးလုပ်အားခပေါ့

(ကုမ္မဏီအကြောင်းတွေ shareအကြောင်းတွေကသိပ်မသိလို့နားလည်သလောက်လေးရေးပြထားပါတယ်)

အာရို ( Ongoing)Where stories live. Discover now