Part-2

391 21 1
                                    

Part-2

သွေးလဲခုဆိုဂေဟာထွက်ပြီးအချိန်ပိုင်းအလုပ်ခန့်ကျောင်းဆက်တက်နေတယ် ခွန်းမောင်နဲ့အတူနေပြီးမနက်ဆိုကျောင်းသွား၄နာရီပြန်လာရင်ရေမိုးချိုးပြီးကော်ဖီဆိုင်မှာပြေးအလုပ်လုပ်ရတယ်၈နာရီဆိုပြန်ရောက်ပြီထမင်းစားပြီးခနနား စာလုပ်တရက်တရက်ဒီလိုပဲဖြတ်သန်းရတယ်ဂေဟာကထွက်လာတုံးကမာသယ်က‌ပြောတယ်"သားကကိုယ့်ကိုကိုယ်ထိန်းတက်တဲ့အရွယ်ရောက်နေပြီးသားအဆင်ပြေသလိုနေမှာဂေဟာကိုတော့အမြဲပြန်လာလည်နော်မာသယ်တို့စောင့်နေမှာ"အဲလိုပဲ‌ပြောတယ် ခုတော့ဂေဟာကထွက်လာတာနှစ်ပတ်‌ေလာက်ရှိပြီး။

"အား......ပျင်းလိုက်တာကွာ သွေး အပြင်သွားရအောင်"
"အေးဟ ငါလည်းပျင်းနေတာ ဆိုင်လည်းပိတ်တယ်သွားရအောင်""အေ အဝတ်စားသွားလဲချီသွားမယ်"
သွေးလည်းအဝတ်စားလဲပြီးနှစ်ယောက်သားအပြင်သွားသို့ထွက်လာကြသည်။
ညနေခင်းဆိုတော့ညဈေးမှာမုန့်တွေသွားဝယ်စားကြတယ်
"သွေးဒီမှာစောင့်နေမလားပြန်နှင့်မလား ငါအသိတစ်ယောက်ကလာခဲ့ပါအုံးဆိုလို့ ဟိုးနားလေးကအိမ်မှာခနသွားနေကူလိုက်အုံးမယ်"
"အာ!မိုးချုပ်နေပြီပြန်နှင့်လိုက်မယ်"
"အေးပြီးတာပဲသေချာဂရုစိုက်ပြန်နော်"
"အေး မင်းလည်းကောင်းကောင်းသွားစောစောပြန်လာအုံး"
"အေးအေး တာ့တာ စောစောပြန်လာမယ်"
ခွန်းမောင်ထွက်လာတော့သွေးလည်းညဈေးထဲကထွက်လာလိုက်သည်။အိမ်နဲ့ကနည်းနည်းပဲဝေးတော့လည်းပဲလျှောက်လိုက်တယ်။ဟိုတွေးဒီတွေးရင်းနဲ့ဘေးနားကနေဆိုင်ကယ်ဝူးခနဲပဲဖြတ်သွားမှ"အမလေး လန့်လိုက်တာလူလို့မမောင်းဘူး" လို့အော်‌ပြောလိုက်သည်။ထိုအခါဆိုင်ကယ်နဲ့လူကသွေး ဘေးနားပြန်ရောက်လာပြီး
"ဘာဖြစ်သွားလို့လဲ"
"မမြင်ဘူးလား ဒီမှာလေ လဲသွားပြီဟာကို"
မျက်စောင်းထိုးရင်းနဲ့သွေး ထိုလူကို ဘုစပ်စပ်နဲ့ပြန်‌ေပြာလိုက်တယ်
"အသားပဲ့သွားလို့လား"
ဆိုင်ကယ်ပေါ်ကဆင်းပြီးပြောလာတယ် စတိုင်ကိုကအမြင်ကပ်စရာ
"ဒီမှာလေ‌ခြေထောက်ခေါက်သွားပြီ"
"ကျစ်"
"အား! ဘာလုပ်တာလဲ ချပေး"
"ချပေးစေချင်တာလား"
သွေးကိုသေချာကြည်ပြီးရီဝေဝေမျက်လုံးနဲ့‌ပြောလာတယ်။
"ဘာတွေ‌ပြောနေတာလဲ အောက်ချခိုင်းတာလေ"
"ကိုယ့်လဲအောက်ချပေးမို့လေ  မင်းဘာသာမင်းလျှောက်တွေးနေတာလေ"
"ဘာမှလျှောက်မတွေးဘူး!အောက်ပဲချခိုင်းတာ"
ဆိုပြီးအော်ပြောလိုက်တော့ ပေကပ်ကပ်ရုပ်နဲ့အောက်ချပေးလာတယ် ပြီးတော့သူရဲ့ဂျာကင်ထဲကလိပ်စာကတ်လေးထုတ်ပေးပြီး
"ရော့ ဒါကိုယ့်ရဲ့လိပ်စာကတ် မင်း လျော်ကြေးလိုချင်ရင်လာခဲ့လိုက်အချိန်မရွေး"
"ခဗျားနာမည်ဘယ်လိုခေါ်လဲ"
"အာရိုရက်စက်မာန်"
"ဒီမှာအာရိုရက်စက်မာန် ကျွန်တော်ကခဗျားတွေ့ဖူးတဲ့အပေါစားတွေထဲကများထင်နေသလား  ဟမ်! ပိုက်ဆံရှိတိုင်း အဲ့ဂုဏ်နဲ့လာကိုင်ပေါက်မနေနဲ့"
"ကိုယ့်လုပ်လို့ဖြစ်သွားတာကိုတာဝန်ယူတာပဲရှိတာ ငွေနဲ့မကိုင်ပေါက်ပါဘူး"
"ခဗျားသွားတော့ကျုပ်လဲဘာမှမဖြစ်ဘူး"
"သေချာလား"
"အေး"
သူ့ကတ်ကိုထားခဲ့ပြီးဆိုင်ကယ်ကိုအကြမ်းပတမ်းမောင်းသွားတယ်"
အမြင်ကတ်စရာ အရပ်ရှည်ရှည်ရုပ်သန့်သန့်ချောချောနဲ့မှမလိုက် ဟွန့် သွေး လည်ပြောပြီးကတ်ကိုယူကာအိမ်သို့ပြန်လာခဲ့တယ်တစ်လမ်းလုံးလည်းထိုလူကိုမေတ္တာပို့ရင်းနဲ့အိမ်ရောက်လာခဲ့သည်။
----
"သွေးရယ်ကြာလိုက်တာခြေထောက်ကဘာဖြစ်တာလဲ"
"လမ်းမှာဆိုက်ကယ်နဲ့ထိမိမလိုဖြစ်ရင်ချစ်လောက်ခေါက်သွားတာ"
"ဟာကွာတွေ့ရယ်နမော်နမဲ့နဲ့ဆေးလိမ်းပေးမယ်"ဆိုပြီးသွေးကိုဆိုဖာပေါ်ထိုင်‌ေစကာခြေထောက်အားဆေး ကိုသေချာလူပေးနေသည်။
"ရပါတယ်ခွန်းရယ်နဲနဲပါပဲ"
"ဘာနဲနဲလည်း ကြည့် ရောင်နေပြီဟာကိုဘယ်သူတွေနဲ့ဘယ်လိုတွေဖြစ်လာလဲ"
"ရော့ "ဆိုပြီးလိပ်စာကတ်ထိုးပေးလာသည်။ထိုကတ်ကိုကြည့်ပြီးခွန်းမောင်မျတ်လုံးပြူသွားတယ်
"သွေးသူနဲ့တိုက်မိတာလား"
မျတ်လုံးပြူးမျတ်စံပြူးနဲ့မေးလာတာကြောင့်သွေးတောင်လန့်သွားသည်။
"အင်း ဘာဖြစ်လိုလဲသူက"
"သူကမနေ့တစ်နေ့ကမှနိုင်ငံခြားကပြန်လာတာ 'အာရို'ကုမ္မဏီပိုင်ရှင်ရဲ့တစ်ဦးတည်း‌ေသာသား လက်ညိုးညွှန့်ကြည့်အကုန်သူ့ကုမ္မဏီပိုင်တွေပဲရုပ်ကလည်းအပြစ်ပြောစရာလုံးဝမရှိဘူး သူ့ကိုဆိုမကြိုက်တဲ့သူကိုမရှိတာ"
"မင်းကအကုန်သိနေတော့တာပဲငါတောင်အခုမှကြားဖူးတာ"
"သိတာပေါ့ဟဒီလောက်မွှေးနေတဲ့သတင်းကိုမသိရင်ခေတ်နောက်ကျနေလို့ပဲ"
"အေးပါကွာ"
"သူကဥစ္စာပေါရုပ်ချော ပျိုတိုင်းတောင်မကဘူး ကျားတွေပါကြိုက်တာနှင်းဆီခိုင်ကြီး ပညာအရည်အချင်းကလည်းနိုင်ငံခြားမှာပြီးတာဘွဲနှစ်ခုနဲ့"
"မင်းတအားသိနေပါ့လားသူ့ကိုကြိုက်နေတာလားခွန်း"
"မကြိုက်ပါဘူး ‌ဟယ်ဟယ်"
"ပြီးရော နောက်ကျနေပြီခြေထောက်လဲသက်သာနေပြီရတယ်"
"အေး ဂရုစိုက်အုံး သွားပြီ" ဆိုပြီးအပေါ်ကိုပြေးတက်သွားသည်။သွေးကအောက်ခန်းမှာ ခွန်းကအပေါ်ထက်မှာနေသည်။အိမ်ကအရမ်းလည်းမကျယ်ျယ်တော့သူတို့နှစ်ယောက်အတွက်တော့အဆင်ပြေသည်။သွေးလဲအခန်းထဲပြန်ဝင်လာပြီးခါးဆန့်နေလိုက်သည်။အိပ်ချရင်းစဉ်းစားနေမိသည်။ညနေကဟိုလူအကြောင်း ရုပ်ရည်ကတော့အပြစ်ပြောစရာမရှိအရပ်ကလည်း 6''ပေကျော်လောက်မယ်။သွေးထက်က်ခေါင်းတစ်လုံးပိုမြင့်နေသေးသည်။ဝတ်ပုံစားပုံကလည်းအောက်ကဂျင်းဘောင်းဘီအနက်၊အပေါ်ကစွပ်ကျယ်အမဲကိုမှဂျာကင်ထပ်ဝတ်ထားသည်။တစ်ကိုယ်လုံးအနက်‌ ဖိနပ်ကအစ စတိုင်ကတော့မြင်သူကြွေရလောက်သည်။
"အာ အဲ့လူအကြောင်းခေါင်းထဲကထွက်၊" ခေါင်းကိုရမ်းခါ၍သူ့အကြောင်းမစဉ်းစားဘူးဟုဆိုကာ မျတ်လုံးအတင်းမိတ်၍
မနက်ဖြန်ကျောင်းသွားရအုံးမည်။သူအိပ်မှရမည်။ထိုလူအကြောင်းစဉ်းစားနေလို့မဖြစ်ဘူး။
---------------------------------
July Moe
3.1.2023
To be continued...



အာရို ( Ongoing)Where stories live. Discover now