Part-9

163 10 0
                                    

Uni

မာန် ခနနေအလုပ်သွးရတော့မည်။ဒယ်ဒီကမနေ့ညကတည်းကပြန်လာပြီးသူ့ကိုအလုပ်သင်ပေးမယ်ပြောထားသည်။LAကအလုပ်ကိုအဖေညီလူယံုနဲ့ထားခဲ့သည်။ဒယ်ဒီညီကလည်းဒယ်ဒီနည်းပါးတော်သည်။ဒယ်ဒီကသူ့ကိုစီးပွား‌ေရးသမား အရမ်းဖြစ်စေချင်တာ သူလည်းအခုဒယ်ဒီခြေရာလိုက်နင်းပြီးဒယ်ဒီကိုကျော်တက်မည်။
 
-----
suitဝတ်ပြီးခန့်ချောဖြစ်နေတဲ့သားပုံစံကိုကြည့်ပြီး မိဘဖြစ်သူတွေမှာပီတိတွေဝေဖြာနေရသည်။မျတ်နှာထားကတော့ အပေါ်ထက်ကဆင်းလာကတည်းက တည်တံ့နေပုံများ။ တစ်ကိုယ်လုံးအနက်ရောင်နဲ့သားက ရင်ဘတ်မှာမနှစ်ကသူ့ဒယ်ဒီပေူထားတဲ့ရင်ထိုးလေးနဲ့


"သား လာမနက်စာ လာစား"

"ဟုတ်ဒယ်ဒီ မာမီ မျတ်တောင်လေးခက်ပါအုံး မမြင်ဖူးဘူးလားမာမီ့သားကို"

"သားကချောနေတာကို မာမီကကြည့်မဝဘူး"

သူပြောလာတော့ သူ့အဖွားကလည်း

"ငါ့မြေးလူတောင်မှားတယ် ဒီလိုပုံစိုဝိုင်းဝိုင်းလည်နေတော့မှာပဲ"

"ဒီလိုပုံမဟုတ်လည်း ဝိုင်းဝိုင်းလည်နေတာကို"

သူ့အဖွားကိုပြန်ချေပနေသည်။ဟုတ်တယ်သားကLAမှာကျောင်းတက်ကတည်းက လိုက်နေတဲ့ကောင်မလေးတွေ ကောင်လေးတွေကအစရှိသည်။

"ကယ်ပါစားကြအလုပ်သွားရအုံးမှာကို"

တစ်မိသားစုလုံးမနက်စာကိုအတူစားကြသည်။ မစားဖြစ်တာတောင်အတော်ကြာပြီ။
အကုန်စားပြီးသွားတော့ သားနဲ့ သူ့အဖေကိုအိမ်ရှေ့ဝထိလိုက်ပို့ရသည်။

"သား ကြိုးစားမယ်နော် "

"ဖွားမြေးျလးလာပါအုံး ဖတ်ချင်လို့ "

သူအဖွားပြောတော့သူအဖွားနားသွားကာ ခါူအနည်းငယ်ကိုင်းပြီးဖတ်လိုက်သည်။သားကအရပ်အတော်ကိုရှည်တာပဲ သူအဖေထက်တောင်ရှည်နေသေးသည်။

"မာမီ ဖွား သွားပြီ"

"အေးသား"

သူတို့ကိုနှုတ်ဆက်ပြီး သူအဖေနဲ့ကားအ‌ေနာက်ကိုတက်သွားသည်။သားကအရမ်းကိုကျော့မော့နေတော့ချီးကျုးမဆုံးဖြစ်နေတော့သည်။
***********************

အာရို ( Ongoing)Where stories live. Discover now