Part-13

150 13 2
                                    

Uni


သွေးတို့ဒီနေ့ဘွဲ့ယူရမည့်နေ့ အရမ်းစိတ်လုပ်ရှားနေပြီဘွဲ့ရပြီးရင်အလုပ်ဝင်လို့ရပြီလေအကိုအာရိုတို့ဆီမှာဝင်ဖို့စဉ်းစားထားတယ်လူလိုတယ်ပြောသံကြားလို့ကိုရှင်းသန့်ကအဲ့မှာဝင်လုပ်ရန်ပြောထားပေးမယ်တဲ့ အသိတွေပဲဆိုတော့အဆင်ပြေမယ်လို့ထင်မိသည်။အသိဆိုပေမဲ့ကိုအာရိုကိုတော့နည်းနည်းရှိန်တယ်သူကရုပ်ုပ်တည်ကြီးနဲ့

"ဟျောင့်သွေးအဆင်သင့်ဖြစ်ပြီလားသွားမယ် 9နာရီထိုးတော့မယ်"

"အေသွားရအောင်ကိုရှင်းသန့်ကခနနေမှလာမယ်တဲ့သွားနှင့်တဲ့"

"အေး"

သွေးနဲ့ခွန်းမောင်လဲပြင်ဆင်ပြီး‌ေကျာင်းသို့ထွက်လာလိုက်တော့သည်။ဘွဲ့ယူရမည်ဆိုတော့အစောရောက်နေမှအဆင်သင်ဖြစ်မည်လေ

*******************

"မာန်မင်းဘာဝယ်မို့လဲ"

သွေးတို့ဘွဲ့ယူမှာသွားနေရင်းလမ်းမှာရုတ်တရက်ကားရပ်လိုက်တဲ့မာန်ကိုရှင်းသန့်မေးလာသည်။

"ပန်းဝယ်မို့"

ပြောပြီးတာနဲ့ကားပေါ်ကတန်းဆင်းသွားသည်။ကောင်မလေးကိုများပေးမို့လား
ပန်းစည်းမဝယ်စဖူးတဲ့သူငယ်ချင်းအကြောင်းတွေးရင်း  question mark များစွာနဲ့ရှင်းသန့်ကျန်ခဲ့ရသည်။ခနနေတော့ပန်းစည်းကြီးနဲ့မာန်ပြန်ရောက်လာသည်။မေးမလို့ပါးစပ် ဟ ရုံသာရှိသေးတယ်အကြည့်စူးစူးကြောင့်ပိတ်လိုက်ရတော့သည်။
ခနနေတော့ကျောင်းသို့ရောက်လာသည်။အထဲဝင်လာတော့မစသေးဘူးထင်တယ် သွေးတို့ကိုတွေ့တော့အနားသို့သွားထိုင်လိုက်သည်။

"သွေး မစသေးဘူးမလားနောက်ကျသွားတယ်"

"ဟုတ်ခနနေစတော့မယ်ကိုရှင်းသန့်လာလေ ကိုအာရို လာထိုင်လေ"
ဆိုပြီးဘေးနားသို့ညွှန်ပြတော့ နှစ်ယောက်သားဝင်ထိုင်လိုက်ကြသည်။သွေးဘေးနှစ်ဖက်မှာကမာန်နဲ့ခွန်းမောင် မာန်ဘေးမှာကရှင်းသန့် တို့ထိုင်ကြသည်။မာန်ပန်းစည်းတော့မယူလာသေးပါ။ကားထဲမှာသာထား‌‌ထားသေးသည်။မဟုတ်မှသူ သွေးကိုပေးမို့လား!
ဘွဲ့သဘင်အခန်းအနားဟာလည်းတရားဟောနေတာတယောက်ပြီးတစ်ယောက်မပြီးနိုင်သေး၍မာန်အတော်လေးပျင်းနေလေပြီသူကအပူဒဏ်မခံနိုင်ပါ။ချွေးတွေလည်းစီးကျလာလေပြီ။ထိုအရာကိုသွေးကရုတ်တရက်ုတ်တရက်လှမ်းမြင်လိုက်ပါသည်။

အာရို ( Ongoing)Where stories live. Discover now