Part -8

159 7 0
                                    

Uni

သွေးပြန်ရောက်လာတော့မိုးတောင်ချုပ်နေပြီ။အိမ်ထဲဝင်ကာမီးတွေဖွင့်အနည်းငယ်သန့်ရှင်းရေးလုပ်လိုက်သည်။သန့်ရှင်းရေးလုပ်ပြီးTVခုံရှေ့ထိုင်ကာခွန်းမောင်ကိုစောင့်နေလိုက်သည်။7နာရီခွဲဆိုတော့မလိုတော့ပါဘူး8နာရီခွဲဆိုဆိုင်ကပိတ်ပြီလေ။TVကြည့်ရင်းဗိုက်ဆာလာတာနဲ့မီးဖိုချောင်ထဲဝင်ကာခေါက်ဆွဲပြုတ်နေလိုက်သည်။အိမ်ကတစ်ထပ်တိုက်လေးဆိုပင်မဲ့သူ့ဟာသူသက်သက်ရပ်ရပ်ရှိသည်။
‌ခနကြာတော့ခွန်းမောင်ပြန်ရောက်လာသည်။

"ဟော် ပြန်လာပြီပေါ့"

"အေး လူကဒီနေ့နည်း"ပါးလို့စောဆင်းလာတာ ဘာစားပြီးပြီလဲသွေး"

"ခေါက်ဆွဲပြုတ်စားပြီးပြီ မင်းရော"

"ငါဆိုင်မှာစားခဲ့တယ် ရေချိုးလိုက်အုံးမယ်နော် "
သွေးကိုနှုတ်ဆက်ပြီးခွန်းမောင်အိမ်နောက်ကိုထွက်သွားသည်။သွေးလည်းTVမကြည့်ြည့်ချင်တော့တာနဲ့နှုတ်ဆက်ပြီးအခန်းထဲဝင်သွားလိုက်တော့သည်။
အိပ်ယာထဲဝင်ပြီးစာအနည်းငယ်ကြည့်နေလိုက်သည်။ခနနေရင်တော့အိပ်ရတော့မည်။မနက်ဖြန်ဆိုင်လည်းသွားရအုံးမည်မလား
*****************
ဒေါက် ဒေါက်

"သား"

"အင်း မာမီ"

"အိပ်ပြီလား မာမီပြောစရာရှိလို့"

"မအိပ်သေးဘူး ခနနော်တခါးဖွင့်ပေးမယ်"

သားကသူ့အခန်းကိုတံခါးတွေပိတ်ပြီးဂူအောင်းနေပါပြီ ပြောစရာရှိတယ်ပြောမှသာဖွင့်ပေးမယ်တဲ့ တကယ်ပါ သားလေးနဲ့တော့။ခနနေတော့တံခါးလာဖွင့်ပေးသည်။

"သားမနက်ဖြန်အလုပ်ဝင်တော့မှာမလား"

"အင်းမာမီ ဘာဖြစ်လို့လဲ"

"သားဒယ်ဒီကမေးခိုင်းလို့ပါ သူလာလည်မယ်လည်းပြောတယ် သားကိုသင်ပြမို့ထင်ပါတယ်"

"ကောင်းတာပေါ့ ဒယ်ဒီနဲ့ဆိုတော့"

"အင်းသား ဘာလုပ်နေတာလဲ အရင်ဆိုမာမီခေါ်ရင်တန်းတခါးဖွင့်တာကို"

"မနက်ဖြန်အလုပ်ဝင်မှာဆိုတော့ secretary ရှာနေတာသားနဲ့အဆင်ပြေတဲ့သူ"

အာရို ( Ongoing)Where stories live. Discover now