မာန် ကော်ဖီခွက်ကို ယူကာ အိမ်သို့ ပြန်လာခဲ့သည်။ သူဆိုင်မှာ ကော်ဖီသောက်တိုင်း အိမ်ပြန်ယူလာလေ့မရှိပါဘူး။ သောက်ကောင်းလွန်းလို့အိမ်ပါယူလာမိပြီ။သူအိမ်ထဲ ၀င်လာတော့ ဧည့်ခန်းထဲမှာ သူအမေနဲ့ အဖွားက ထိုင်နေသည်။ ပြောစရာရှိလို့ဖြစ်မယ်။
" သားမာန် ဘယ်တွေသွားနေတာလဲ?"
မာမီမှ စကားစလာလေသည်။ အဖွားကတော့ သူ့ကိုပဲ ကြည့်နေသည်အဖွားလည်းပြောစရာရှိလို့ထင်တယ်။
" ရှင်းသန့်လွန်းဆိုင်မှာ ခနသွားလည်တာ"
" မာမီပြောစရာ ရှိတယ်သား "
မာမီပြောတော့အဖွားကလည်း" အဖွားရောဘဲ"
" ပြောလေ "
" မြေး ဘယ်တော့ကုမ္ပဏီမှာ အလုပ်၀င်မလဲ... မြေးပြန်လာတာလည်း တစ်ပတ်နီးနီးရှိပြီ၊ နားလို့၀ပြီမလား ဖွားမြေး"
" အင်း ကျွန်တော်နောက်အပတ်၀င်လုပ်မယ် ပြောထားလိုက်ပါ ၀န်ထမ်းတွေကို"
"
" အမေက သားမွေးနေ့ကျရင် ဘာလုပ်ချင်တာလဲ မေးမို့ သားဒယ်ဒီကလည်း မေးပေးပါဆိုလို့"
ဒယ်ဒီ က မွေးနေ့တိုင်း သူ့ကို ကြီးကြီးမားမားလက်ဆောင် ပေးတတ်သည်။ ကား၊ဆိုင်ကယ်၊ကုမ္ပဏီခွဲတွေပေါ့။ (အခု ဖေကြီးက LA မှာ၊ သူပြန်လာတော့ ဟိုမှာ ကျန်ခဲ့တာဖြစ်သည်။)
" သားမွေးနေ့က နောက်လမှ ဒယ်ဒီကိုပြောလိုက်အေးဆေးပေါ့လို့ ဟဲဟဲ"
" အေးပါ မေမေကတော့ မိဘမဲ့ ကျောင်းမှာ သားအတွက် လှူပေးမယ်လို့ စဉ်းစားထားတယ်"
"ကောင်းပါတယ် ဒါပဲမလား သားရေချိုးပြီးနားတော့မယ်"
" အေးအေးသား"
ဖွားဖွားနဲ့ မေမေကို နှုတ်ဆက်ပြီး အပေါ်ထပ်ဆုံးသို့ တက်ခဲ့သည်။ အိမ်က သုံးထပ်တိုက်၊ အပေါ်ဆုံးထပ်က မာန်အတွက် အခန်းတွေချည်းဘဲ။ မာန်ရဲ့ အိပ်ခန်းကျယ်ကြီးနဲ့ gym ခန်းတွေ၊ ဆိုင်ကယ် ခရေဇီဆိုတော့ သူ့ဆိုင်ကယ်ပုံတွေ ရိုက်ပြီး ပုံကြီးချဲ့ကပ်ထားတဲ့ အခန်းတွေ အများကြီးဘဲ။ အပေါ်ဆုံး ထပ်တစ်ထပ်လုံးကသူ့အပိုင်။