Part - 1

1.5K 41 2
                                    

"မေမေ့ကိုစောင့်နေနော်  မေမေပြန်လာခေါ်ပါ့မယ်သား‌ေလးရယ်"
မိခင်ရဲ့မျတ်ရည်များဟာအထိန်းအကွတ်မရှိကြလာခဲ့သည်။အဆင်မပြေမှုကြားထဲမှာမေမေ့သားလေးကိုမခေါ်ချင်ဘူးဂေဟာရှေ့မှာကလေးကိုထားခဲ့ပြီးအကွယ်တစ်နေရာကနေကြည့်နေလိုက်သည်။ခနအကြာမှာကလေးကအော်ငိုလာသည်။ကလေးငိုသံဟာကျယ်လောင်လာတော့ဂေဟာထဲမှအမျိုးသမီးတစ်ယောက်ထွက်လာပြီးသားလေးကိုချီလိုက်တယ်

"ဟယ် ကလေးလေးကသေးသေးလေးနဲ့ချစ်စရာလေးပါလားသနားပါတယ်"  ဆိုပြီးဂေဟာထဲခေါ်သွားသည်။
------------------
‌သားလေးကိုဂေဟာထဲခေါ်သွားတော့မှပဲ အရှေ့ထွက်လာပြီး
"မေမေလာခေါ်မှာပါသားရယ်အချိန်လေးတော့ပေးပါသားငယ်လေးရယ်" ပြောပြီးဂေဟာရှေ့မှထွက်လာခဲ့သည်။

--------------------

နှစ် ၂၀ ခန့်ကြာသော်...

" မာသယ်ကြီး သွေးကျောင်းသွားတော့မယ်နော် "

"အေအေ သား ဂရုစိုက်အုံးနော်"

ဒီကလေးတောင် တော်တော်‌အရွယ်ရောက်လာပြီပဲ... စရောက်လာတုံးက တစ်လသားလေးခြင်းထဲမှာ (၂၈.၁.အင်္ဂါသား/မှူးရောင်ခြယ်သွေး) ဆိုပြီး စာရွက်လေးလာခဲ့တယ်။ ခုတောင် နှစ်၂၀တောင်ကှိနေပြီ။ စာလည်းတော်၊ လိမ္မာရေးခြားလည်းရှိ၊ ဂေဟာမှာလည်း လုပ်ကူ မာသယ်တိုင်းရဲ့ သဲကျော်လေး..
သားလေးထွက်သွားမှ ဂေဟာထဲ ပြန်၀င်ပြီး လုပ်စရာရှိတာလုပ်တော့တယ်။

-----------------
" သွေးလာပြီလာ?" ခွန်းမောင်ဟန်က မေးသည်။ သူကတော့ သွေးရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပေါ့။
" အေ နောက်ကျသွားတာလား... ဟီးဟီး"
" နဲနဲပါလာ အထဲ၀င်မယ်"
နှစ်ယောက်သား ‌ကျောင်းထဲ၀င်သွားကြတယ်။

-------------------
ကျောင်းဆင်းချိန်

"ဟျောင့် သွေး! အအေးသွားသောက်ကြမယ်"
"နေပါဟာ မလိုက်တော့ဘူး ပြန်တော့မယ်"
" မင်းကလည်း လာပါ" ဆိုပြီး တွဲခေါ်သွားတယ်။
ဆိုင်ထဲရောက်တော့ " သွေး ဘာစာမလဲ?"
"ရတယ် အဆင်ပြေတာဘဲမှာ"
"Ok"
သွေးအတွက် ဖရဲသီးဖျော်ရည်လေးမှာပေးလိုက်တယ်၊ သွေးရဲ့ အကြိုက်ဆုံးလေးပေါ့။ ခနကြာတော့...
" မှာထားတာလေး ရပြီနော် "
" ဟုတ်ကဲ့ပါ"
"သွေးရော့ "
" ဟီးဟီး ငါ့အကြိုက်လေး"
" အေ.. သိလို့ မှာပေးထားတာ.. သောက် "
" ခွန်းမောင်ဟန်... ငါ့ကိုလေ အချိန်ပိုင်း လုပ်လို့ရမဲ့ အလုပ်လေးရှာပေးပါလာ.."
"မင်းကလည်း ဘာဖြစ်လို့လဲ မလုပ်စေချင်ဘူး မင်းခန္ဓာကိုယ်က ပိန်သေးသေးလေးနဲ့ "
" မင်းကလည်း မာသယ်ကြီးကို အားနာလာပြီ စာအုပ်ဖိုးကအစပေးနေရတာ"
" အေးပါ မင်းလုပ်ချင်ရင် ငါ့အကိုရဲ့ အသိဆိုင်တစ်ဆိုင်မှာ အလုပ်လိုနေတာရှိတယ် အဲ့မှာ ငါပြောပေးမယ်"
" အေ ကျေးဇူးပါ"
စကားများရင်း သောက်ရင်းနဲ့ အချိန်နည်းနည်းလွန်လာတော့ သွေးက.. " ပြန်မယ် ဟျောင့် မှောင်တော့မယ် မာသယ်ကြီးစိတ်ပူနေမယ်"
" အေအေ ပြန်လိုက်ပို့မယ်လေ"
"အင်း ပြီးရော ကောင်းကောင်းပြန်"
" အင်း bye!"
-----------------------
"ဟော  ပြန်လာပြီလားသား "
"ဟုတ် မာသယ်ကြီး သားဘာကူ‌ပေးရအုံးမလဲ?"
" နေနေသား ဘာမှ လုပ်စရာမရှိဘူး.. ကလေးတွေလည်း ထမင်းစားပြီးကုန်ပြီ... သားရော?"
"သားမစားတော့ဘူး ခွန်းမောသ်ဟန်နဲ့ အပြင်မှာ စားခဲ့တယ်"
" ဟုတ်ပါပြီကွယ် အဲ့လိုဆိုလည်း ရေမိုးချိုးပြီးနားတော့"
"ဟုတ်ကဲ့"
သွေးလည်း ခနနားရေချိုးပြီး စာခနလုပ်လိုက်တယ်။ ပြီးတော့ အိပ်ယာထဲ ၀င်အိပ်လိုက်တယ်။ မနက်လည်း ကျောင်းသွားရအုံးမှာ။
---------------------
"သွေး! ‌ထတော့လေ သားကျောင်းသွားရအုံးမယ် မလာ"
"အင်း ထပြီ မာသယ်ကြီး"
သွေးရဲ့ ဖြေသံ ကြားတော့မှ မာသယ်ကြီး တစ်ခြားကလေးတွေကို သွားနိုးတော့တယ်။ သွေးက ဂေဟာမှာ အချစ်ခံလေ.. ‌မွေးစားချင်တဲ့လူတွေ လာတာတောင် မာသယ်ကြီးတွေက မပေးခဲ့ဘူး။ အရွယ်ရောက်လာမှ သူလုပ်ချင်တာကို ပေးလုပ်မယ်လို့ ဆုံးဖြတ်ထားကြပြီးသား။
သွေး မျက်နှာသစ် အ၀တ်အစားလဲ ထမသ်းစားပြီး ထွက်လာလိုက်တယ်။ တစ်ယောက်ထဲ ခွန်းမောသ်ဟန်ကို သွားမခေါ်တော့ဘူး။ ကျောင်းမှာပဲ စောင့်နေလိုက်တော့မယ်။
ဟော.. ရောက်လာပြီ
"ဟေ့ သွေး!"
"ဟာ လန့်လိုက်တာ ခွန်းမောင်ရာ"
" ဟဲဟဲ စာဂျပိုးက စာဘဲ ကုန်းလုပ်နေတာကို""
"ဟားဟား မဟုတ်ပါဘူး ‌ အော် ဒါနဲ့ မေးပေးပြီးပြီလာ ဟို အချိန်ပိုင်းအလုပ်"
" အေး မေးပေးပြီးပြီ ရတယ်တဲ့ အကို့သူငယ်ချင်းက"
" ဟာ တကယ်! ဘယ်နေ့စလုပ်ရမလဲ?"
" မင်းအဆင်ပြေတဲ့နေ့ပေါ့"
" ရတယ် မနက်ဖြန်ငါလာမယ်လေ ဆိုင်လိပ်စာပေးလေ"
" အေ ငါလိုက်ပို့မယ်..."
" အေးပြီးရော..  "
" ဟိုမှာဆရာလာပြီ"
ဆရာအခန်းထဲ ၀င်လာတော့မှ ပြောနေတဲ့ စကားပြတ်သွားသည်။ စာသင်ရင်း သွေးစဉ်းစားမိနေတယ်.. ခုလည်း အရွယ်ရောက်လာပြီ ဂေဟာက ထွက်ပြီး ခွန်းမောသ်နဲ့အတူ နေရင် ကောင်းမလားလို့ သူလည်း တစ်ယောက်တည်း နယ်ကနေလာနေတာ ဆိုတော့  အဆင်ပြေမလားလို့ မာသယ်ကြီးကိုလည်း အားနာလှပြီ၊ အခုကွယ်ထိ ကျွေး‌မွေးစောက်ရှေက်လာတာ ကိုယ်ကကြီးနေပြီ... ပြန်ထောက်ပံ့ပေးရတော့မယ်။ အခု တက္ကသိုလ် ပထမနှစ်တက်နေတာ။
မာသယ်ကြီးကို ပြောအုံးမှပဲ။

Note - ပထမဦးဆုံးရေးတဲ့ ficလေးမို့ အမှားများပါခဲ့ရင် ခွင့်လွတ်ပါနော်အမှားတွေ ဝေဖန်ထောက်ပြပေးဖို့လည်း မေတ္တာရပ်ခံပါတယ်
ကြိုက်နှစ်သက်ရင် vote နဲ့ cm လေးတွေ ပေးသွားကြပါနော်

July Moe
29.1.2023

အာရို ( Ongoing)Where stories live. Discover now